၇၄ နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအ မှတ်အခမ်းအနားတွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ကြက်ခြေနီသူ နာပြုတပ်ဖွဲ့ဝင် ၁၂ ဦးအား ဂုဏ်ပြုဆုချီးမြှင့်
ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားအား မေ ၈ ရက်နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ Physical and Video Conferencing စနစ်ဖြင့်ကျင်းပခဲ့သည်။
အခမ်းအနားအား “ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား(Be Human KIND) “ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့၌ အသက်(၆၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော တိုင်းနှင့်ပြည်နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁၂ ဦးအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
တိုင်းနှင့်ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီများအနေဖြင့် ဒေသလိုအပ်ချက်အလိုက် ကြက် ခြေနီလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုကရု ဏာလုပ်ငန်းသက်သက်သာ ဆောင်ရွက်ပေးနေသည့် လူမှုကရုဏာအဖွဲ့အစည်းဖြစ်၍ အများပြည်သူ ပိုမိုယုံကြည်လက်ခံလာစေရန် ကြင်နာစိတ် အရင်းခံကာ ဦးဆောင်လမ်းညွှန်ပံ့ပိုးပေးကြရန် အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်ကတိုက်တွန်းပြောကြားခဲ့သည်။
အလားတူ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော် မတီ(ICRC)မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Mr. Stephen Pierre Sakalian နှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia KHOURY တို့က နှုတ် ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။
ထို့ပြင် တိုင်း၊ပြည်နယ်နှင့်မြို့နယ်များရှိ ကြက် ခြေနီအသင်းခွဲများတွင် လိုအပ်ချက်များအား လှူဒါန်းပေးခဲ့ကြသည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်း(ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းစု)နှင့်ဦးထွန်းထွန်းဦး (T .T .O Pharm Co, ltd:)တို့အား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားအား ကြက်ခြေနီလူမှုကရုဏာကွန်ယက်အား စတင်အုတ်မြစ်ချပေးခဲ့သည့် ဟင်နရီဒူနန့် အားဂုဏ်ပြုသည့်အနေ ဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် နှစ်စဥ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ သတ်မှတ်ကျင်းပလျက်ရှိကြောင်း သိရသည်။