၇၅ နှစ်မြောက် အိန္ဒိယ လွတ်လပ်ရေးနေ့အခမ်းအနား ဆင်နွှဲနေကြတဲ့ အိန္ဒိယသရုပ်ဆောင်များ
ဒီနေ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အိန္ဒိယနိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီး ဘောလီးဝုဒ်စတားတွေလည်းပါဝင်ဆင်နွှဲနေကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ဒီနှစ်မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ဟာ စိန်ရတုနှစ်ပတ်လည်ဖြစ်တာကြောင့်တနိုင်ငံလုံးက အိမ်တိုင်းမှာ အိန္ဒိယအလံကို စိုက်ထူကြပြီး မိမိတို့ရဲ့ဆိုရှယ်မီဒီယာပရိုဖိုင်းတွေကိုလည်း အိန္ဒိယအလံအမှတ်တံဆိပ် ပြောင်းထားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘောလီးဝုဒ်က ရှာရွခ်ခန်း၊ အမိရ်ခန်းနဲ့ စလ်မန်းခန်းတို့အပါအဝင် စတားတချို့ရဲ့နေအိမ်တွေမှာ ဒီနေ့ အိန္ဒိယအလံစိုက်ထူထားကြပြီး အရှေးကူမား၊ ဗရွန်း၊ ဂျက်ကလင်း၊ဆာရာအလီခန်း၊ မဟေ့ရှ်ဘာဘူး စတဲ့ စတားတွေကတော့ သူတို့အသုံးပြုတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို အိန္ဒိယအလံပုံ ပရိုဖိုင်းချိန်းထားပါတယ်။
အိန္ဒိယမှာ လွတ်လပ်ရေးနေ့ဆို ဘောလီးဝုဒ်စတားတိုင်း သူတို့ တိုင်းပြည်ရဲ့လွတ်လပ်ရေးနေ့အတွက် အမှတ်တရ ဂုဏ်ပြုဝမ်းမြောက်စကား ပြောလေ့ရှိပါတယ်။ စတား တချို့ကပုံတင်ပြီး ဂုဏ်ပြုကြသလို တချို့က စာရေးပြီး ဝမ်းမြောက်ကြောင်း ဖော်ပြကြပါတယ်။ တချို့စတားတွေကတော့ ဗီဒီယိုအတိုလေးတွေ ရိုက်ပြီးအမှတ်တရ တင်လေ့ရှိပါတယ်။
အိန္ဒိယစတားတွေရဲ့ လွတ်လပ်ရေးနေ့ အမှတ်တရတင်တဲ့ ဓါတ်ပုံတွေ စုစည်းထားပါတယ်။