Friday, April 11, 2025

ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျမှုမှ ထိခိုက်ဒဏ်ရာရသူ(၄)ဦးကို...

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။ အဆိုပါ...

ဒိုမီနီကန်နိုက်ကလပ်အမိုးပြိုကျမှုမှ ‌ေ-သဆုံးသူ (၁၈၄) ဦးအထိရှိလာ

ပနားမား၊ဧပြီ ၁၀ ဒိုမီနီကန်သမ္မတနိုင်ငံ၏ မြို့တော်ဆန်တိုဒိုမင်ဂိုရှိ နိုက်ကလပ်တစ်ခု၌ ခေါင်မိုးပြိုကျမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် (၁၈၄) ဦးအထိမြင့်တက်လာပြီး (၁၅၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ၇၅ ရာခိုင်နှုန်းခန့်ပျက်စီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုပျက်နေသောစေတီများအတွင်းမှ မူလစေတီငယ်ကိုငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန်ဘုရားအနီး အမှတ်...

အခွန်ကိစ္စ အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေး

မြင့်မားသော အခွန်စည်းကြပ်မှုများအတွက် အမေရိကန်ပြည်ထောင်စုအပေါ် လက်တုန့်ပြန် အခွန်ကောက်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း အာဆီယံ စီးပွားရေးဝန်ကြီးများက ယနေ့(ဧပြီလ ၁၀ရက်နေ့) တွင် ကတိပြုလိုက်ပြီး ၎င်းတို့အနေဖြင့်...
HomeNewsLocal News၇ လအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ...

၇ လအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထား

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၉၇၇ ဒသမ ၉၄၆ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၄၉ ဘီလီယံရရှိထားပြီး ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးပိုမိုရရှိထားခြင်းဖြစ်သည်။

တရုတ်ဘက်သို့ ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ယင်းအပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကိုတရုတ်နိုင်ငံဘက်မှ အစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများ ဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျမှုမှ ထိခိုက်ဒဏ်ရာရသူ(၄)ဦးကို မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေး

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူများအနက် Vajira ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရသည့် မြန်မာအလုပ်သမား(၂)ဦးနှင့် Phyathai ဆေးရုံ၌တက်ရောက်ကုသမှုခံယူနေရသော မြန်မာအလုပ်သမား(၂)ဦးတို့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ သံအမတ်ကြီးဦးဇော်ဇော်စိုးမှ ဧပြီ ၉ ရက်နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် သံအမတ်ကြီးမှ မြန်မာအလုပ်သမားများကို အားပေးစကားပြောကြားပြီး မြန်မာသံရုံးမိသားစုမှလှူဒါန်းသည့် ထောက်ပံ့ငွေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဒိုမီနီကန်နိုက်ကလပ်အမိုးပြိုကျမှုမှ ‌ေ-သဆုံးသူ (၁၈၄) ဦးအထိရှိလာ

ပနားမား၊ဧပြီ ၁၀ ဒိုမီနီကန်သမ္မတနိုင်ငံ၏ မြို့တော်ဆန်တိုဒိုမင်ဂိုရှိ နိုက်ကလပ်တစ်ခု၌ ခေါင်မိုးပြိုကျမှုကြောင့် ‌ေ-သဆုံးသူအရေအတွက်သည် (၁၈၄) ဦးအထိမြင့်တက်လာပြီး (၁၅၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့သည်။ ဒိုမီနီကန်သမ္မတ လူဝီအဘင်နာဒါက အင်္ဂါနေ့မှ စတင်ကာနိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အင်္ဂါနေ့ နံနက်အစောပိုင်းက ဂျက်ဆက်နိုက်ကလပ်၏ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွင် ခေါင်မိုးပြိုကျကာ ရုတ်တရက် ဓာတ်အားပြတ်တောက်ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ပြိုကျရသည့်အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။ Source : ရှင်းဟွာ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်း ၇၅ ရာခိုင်နှုန်းခန့်ပျက်စီး

မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အမွေအနှစ်အဆောက်အအုံ ၇၅ ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုပျက်နေသောစေတီများအတွင်းမှ မူလစေတီငယ်ကိုငုံပြီးတည်ထားသည့် နှစ်ထပ်စေတီများကို သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီတွင်(၁)ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နှင့် ၃၁၈ တွင် (၂)ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောတွင် (၁)ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေ ယာခင်းအနီးတွင်(၁) ဆူ၊ မင်္ဂလာရပ် ကျောဘက်ဦးထွန်းနိုင်ယာခင်းအနီးတွင်(၂) ဆူ၊ ရှင်ပင်ခရေသီးတွင်(၁) ဆူ၊ အနောက်ရိပ်သာဝင်းတွင်(၁)ဆူ၊ ပုလိပ်ဘုရားစုတွင်(၁)ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုတွင်(၁)ဆူ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071