Monday, December 23, 2024

အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့ပြန်လည်ရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိကျင်းပခဲ့သည့် 5th AVFASIAN Vovinam Championships 2024...

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းကျော်...

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် သုံးစွဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ၊ ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော -...

ဘရာဇီး၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ...

ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများ စတင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး Roman Starovoyt က...

ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထား

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် (၁၇) သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ပြည်ပသို့ပြောင်းတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတဆင့် အဓိကတင်ပို့နေပြီး နယ်စပ်တင်ပို့မှုအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် တင်ပို့နေကြောင်း...
HomeNewsLocal News(၈) လအတွင်း ပြည်ပသို့...

(၈) လအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ထား

ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ (၈) လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန(ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ)မှ သိရသည်။

ပျားရည်တင်ပို့မှုအနေဖြင့် ဂျပန်နိုင်ငံသို့ (၇၂ ဒသမ ၅) ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ (၂၂ ဒသမ ၁၈) ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ (၅) ရာခိုင်နှုန်း အသီးသီး တင်ပို့ထားကြောင်း သိရသည်။

မြန်မာ့ပျားရည်ကို ပြည်ပသို့တင်ပို့ရာတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)စတဲ့ နိုင်ငံများထံ တင်ပို့လျက်ရှိပြီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထ ရစ်တန် (၈၆၀ ဒသမ ၆၈) တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန် (၄၇ ဒသမ ၈) တန်၊ စုစုပေါင်း မက်ထရစ်တန် (၉၀၈ ဒသမ ၄၈) တန် တင်ပို့ခဲ့ပြီး ယင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၃၆၃) သန်း ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ မက်ထရစ်တန် (၆၅၈ ဒသမ ၆၆) တန်ဖြင့် အများဆုံးတင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံသို့ မက်ထရစ်တန် (၂၀၁ ဒ သမ ၅၁) တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန် (၄၅ ဒသမ ၈) တန်၊ တရုတ်(တိုင်ပေ) သို့ မက်ထရစ်တန် (၂) တန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ (၀ ဒသမ ၅) မက်ထရစ်တန် တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ထုတ်လုပ်လျက်ရှိသည့် ပျားရည်အမျိုးအစားများမှာ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည် တို့ကို ထုတ်လုပ်လျက်ရှိပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါး အဖြစ်သာ အသုံးပြုမှုများကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့ပြန်လည်ရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိကျင်းပခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့ပြန်လည်ရောက်ရှိလာခဲ့သည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်က ရန်ကုန်လေဆိပ်သို့ရောက်ရှိခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ မိသားစုဝင်များမှကြိုဆိုခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့သည် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲ၏ Ying Yang...

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းကျော် သုံးစွဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် သုံးစွဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ၊ ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော - ဟိုနား - နောင်မိုင်းပွန် - နားလော - လီမော လမ်းခွဲအထိ (၁၅) မိုင်အနက် ၊ (၅) မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် (၅)ပေ Box Culvert (၁၀) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် (၃၂၉ ဒသမ ၄၇၆) သန်းဖြင့်...

ဘရာဇီး၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ရန် ရုရှားစဉ်းစားနေ

ဘရာဇီး၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမှုများ စတင်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံပို့ဆောင်ရေး ဝန်ကြီးဌာနက ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဝန်ကြီး Roman Starovoyt က ပြောကြားသည်။ “မလေးရှားနဲ့ ဘရာဇီးကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ပါကစ္စတန်ကလည်း အလားတူ တောင်းဆိုချက်မျိုး မကြာသေးမီက ဆက်သွယ်တောင်းဆိုလာပါတယ်။ အဲဒီမှာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဟုတ်ပါတယ်၊ ဒီညှိနှိုင်းမှုမှာ ခရီးသွား လုပ်ငန်း ကိုယ်စားလှယ်တွေကလည်း ပါဝင်ဖို့ စိတ်ဝင်စားပါတယ်။ "ဟုပြောသည်။ ရုရှားသည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများမှ လေကြောင်းလိုင်းများစွာနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071