Thursday, December 26, 2024

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင်...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက်...
HomeMyanmar Theatrical Traditionကြုံတောင့်ကြုံခဲကြည့်ရှုရမည့်နိုင်ငံတကာရုပ်သေးပွဲတော်တွင်နိုင်ငံပေါင်း ၉...

ကြုံတောင့်ကြုံခဲကြည့်ရှုရမည့်နိုင်ငံတကာရုပ်သေးပွဲတော်တွင်နိုင်ငံပေါင်း ၉ နိုင်ငံ၏ရုပ်သေးအကများအား မြင်တွေ့ရမည်

 

နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို မတ်လ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။အဆိုပါနေ့ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဇာတ်ရုံအပြင်မှာ ကပြတင်ဆက်မှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာတော့ ဇာတ်ရုံအတွင်းမှာလည်း ကပွဲအနေနဲ့ ကပြတင်ဆက်သွား မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးအနေနဲ့က ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းကာလတွေ မှာတော့ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကာလတုန်းကလို အရှိန် အဟုန်ကောင်းဖို့အတွက် ရုပ်သေးပညာရှင်များက ကြိုးစားလျက်ရှိနေကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ခုလို နိုင်ငံတကာရုပ်သေးပွဲတော်ကြီးကို ပြုလုပ်ခြင်းဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံတကာရုပ်သေးပညာရှင်တွေ ပါဝင်ကပြတင်ဆက်ကြမယ့် ဒီလို ရုပ်သေးပွဲတော်မျိုးကိုတော့ မြန်မာနိုင်ငံမှာ အရင်တုန်းက တစ်ကြိမ်တစ်ခါမှ ပြသ ခဲ့ခြင်းမရှိခဲ့ဘဲ အခုပြုလုပ်မယ့် ရုပ်သေးပွဲတော်ကြီးက ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“နိုင်ငံတကာကရုပ်သေးပညာရှင်တွေကို ဖိတ်ကြားလိုက်ပြီ။ သူတို့ ရုပ်သေးတွေနဲ့ သူတို့အမြတ်တနိုး လာကကြမယ်။  အဲဒီအချိန်မှာ ဦးထွေး စိုးရိမ်တာက ဒါကဦးထွေး တစ်ယောက်တည်းရဲ့ ခံစားချက်ပါ။ တို့မြန်မာ လူမျိုးတွေက လေးလေးစားစားနဲ့ တစ်မြတ်တနိုးနဲ့ ကြည့်ကြပါ့မလားပေါ့။ အားပေးကြပါ့မလားလို့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးထွေးတို့ဆိုရင် ခံစားရတယ်။ ဦးထွေးတို့ နိုင်ငံခြားသား ကိုပြတယ်။ နိုင်ငံခြားသားတွေက ပိုက်ဆံလည်းပေးတယ်။ လေးလေးစားစားလည်း လာကြည့်ကြတယ်။ ဦးထွေးတို့မြန်မာလူမျိုးကို ရုပ်သေးပွဲလာကြည့်ဖို့ဆိုရင် ဘယ် လောက်ပေးရမှာလဲလို့မေးတယ်။ နိုင်ငံခြားသားကိုတောင်းတဲ့ နှုန်း ဦးထွေးတို့ မတောင်းဘူး။ လျှော့တောင်းတာတောင်မှ ပိုက်ဆံပေးရမယ်ဆိုရင် လာမကြည့်ဘူး။ ပိုက်ဆံမပေးနဲ့ အလကားလာကြည့်ပါဆိုတော့လည်း လာကြည့်လားဆိုတော့ မကြည့် ဘူး။ တချို့ကျတော့ ရောက်လာတယ်။ ရုပ်သေးပွဲဒီအချိန်ပြမယ်ဆိုရင် နောက်ကျမှ ရောက်လာတယ်။ တချို့ကျတော့လည်း ပြီးအောင်မကြည့်ဘဲ ပွဲတစ်ဝက်မှာပဲ ပြန်သွား တယ်။ အဲဒီတော့ဦးထွေး တော်တော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ ရုပ်သေးအပေါ်ကို စိတ်ဝင်စားမှုကနည်းတယ်။ အဲဒီတော့ဦးထွေးလိုချင်တာက ကိုယ့် မြန်မာ့ရုပ်သေးကိုလည်း ကိုယ့်မြန်မာလူမျိုးတွေ ခံစားတတ်အောင် လုပ်ပေးရမယ်။ ဦးထွေးဒီပွဲမှာ စိုးရိမ်တာ အဲဒါပါပဲ။ ဖိတ်ကြားထားတဲ့ နိုင်ငံတွေက တကယ့်နိုင်ငံကြီးတွေ ပါ။ အဲဒါကိုဦးထွေးတို့ မြန်မာလူမျိုးတွေ အားပေးစေချင်တယ်။ ပရိသတ်မရှိမှာကို ဦးထွေးစိတ်ပူတယ်။ ဒါကြောင့် ဒီပွဲကို မြန်မာပြည်သူတွေ လာရောက်အားပေးစေချင် ပါတယ်။ ကိုယ့်မြန်မာတွေရဲ့ အနုပညာ ချစ်စိတ်၊ ယဉ်ကျေးမှု အဆင့်အတန်းကို ပြသရ မယ့်ပွဲကြီးလို့ ဦးထွေးကတော့မြင်ပါတယ်”လို့ ထွေးဦး မြန်မာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင် ဦးခင်မောင်ထွေး ကပြောပြပါတယ်။ အဆိုပါပွဲတော်ကြီးမှာတော့ ရုပ်သေးပညာရှင်ကြီးများနဲ့ မျိုးဆက်သစ်ရုပ်သေးပညာရှင်များက ပူးပေါင်းစီစဉ် ကပြ တင်ဆက်ကြမှာဖြစ်ပြီး ပြခန်းတွေလည်းပါဝင်ပြသမယ်လို့ သိရပါတယ်။

 လင်းအက္ခရာ

Ads Space Available


Continue reading

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ရောက်ရှိနေသည့် စစ်ရှောင်များစာရင်း ပထမအကြိမ် ထုတ်ပြန်

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့ နာ‌ရေးကူညီမှုအသင်းက လက်ခံစောင့်ရှောက်ထားပြီး၊ ၎င်းတို့အနေဖြင့် ဘေးကင်းလုံခြုံကာရှိနေပြီး ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် စားသောက်ရေးများအတွက်ပါ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါ စာရင်းအတွင်း ပါရှိသော ဝေးကွာမိသားစုများ စိတ်ပူနေခြင်းမှ ကင်းဝေးရန် တင်ပြပေးခြင်းဖြစ်ပြီး ၊ ယင်းအနက် မန္တလေးမြို့သို့ ထပ်မံလိုက်ပါလိုသူများလည်း စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။ ထို့အပြင် ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့်...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အဆိုပါ ဒေသတွင် တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာမှ ဒေသခံထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ကြောင်း ဆိုသည်။ " အခု ‌ရွာ(ချောင်းနှစ်ခွ)မှာက နေတဲ့သူတွေနေပြီဆိုပေမယ့် အရေအတွက် နည်းသေးတာပေါ့။ ပြန်မနေသေးတဲ့ သူတွေက တိုက်ပွဲဖြစ်မှာဆိုးတာရော။ အိမ်ပြန်ဆောက်ဖို့ မတတ်နိုင်သေးတာရောကြောင့် မပြန်ကြတာပေါ့။ အဓိက ကကြောက်နေသေးတာပေါ့။ ရွာမှာတော့ပြန်လည်ထူထောင်ရေးလုပ်နေတယ်လို့ကြားရပေမယ့် အားလုံးစိတ်ချရမှပြန်ရဲမှာ"ဟု ၎င်းက...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပို့စ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သို့သော်လည်း ချို့ယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောသည်။ စနစ် ကို ချို့ယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071