Sofia, Bulgaria နိုင်ငံမှာ ကျင်းပမယ့် Miss & Mr Grand Sea 2017 ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု Miss & Mr Grand Sea Myanmar 2017 ပြိုင်ပွဲဝင် ခေါ်ယူခြင်း အခမ်း အနားကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Central Hotel မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲက နိုင်ငံပေါင်း ၇ဝကျော် ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ Bulgaria က အနောက်ဥရောပ နိုင်ငံဖြစ်တဲ့ အတွက် သွားရောက် ယှဉ်ပြိုင်မယ့် Miss & Mr တွေ အနေနဲ့ အခွင့်လမ်းကောင်းတွေ ရရှိနိုင်မှာ ဖြစ်ကြောင်းကို Miss & Mr Grand Sea Myanmar 2017 မှ National Director ကိုဟန်ထွန်းက…
“ဒီပြိုင်ပွဲအတွက် မြန်မာနိုင်ငံက Miss & Mr တွေကို ခေါ်ယူတာ ဖြစ်တယ်။ ကျွန်တော်တို့ ပြိုင်ပွဲမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘယ်လို လူမျိုး မဆို လျှောက်လို့ရတယ်။ အခြား ပြိုင်ပွဲဝင် Miss & Mr တွေက စာချုပ်ချုပ် ဆိုထားခြင်း မရှိရင်လည်း လျှောက်လို့ရပါတယ်။ လျှောက်လွှာကိုတော့ ဖေဖော်ဝါရီလ၂၇ ရက်နေ့မှ စပြီး လျှောက်လို့ရပါ တယ်။ မတ်လ ၁၅ရက်နေ့မှာ ဖောင်ပိတ်မှာ ဖြစ် တယ်။ သတ်မှတ်ချက် အနေနဲ့ အသက် ၁၆နှစ် ကနေ ၃ဝကြားမှာ ဖြစ်ရမယ်။ မိန်းကလေး ၅ပေ ၄လက် မအထက်၊ ယောက်ျားလေး ၅ပေ ၆လက်မ ရှိရမယ်။ အိမ်ထောင်မရှိ အပျို၊ လူပျိုဖြစ်ရမယ်”လို့ ဆိုပါ တယ်။
Miss & Mr Grand Sea 2017 ပြိုင်ပွဲက International ကျင်းပနေတာ ၁ဝနှစ်ကျော် ရှိနေ ပြီဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဦးဆုံး အကြိမ်ဝင် ရောက် ယှဉ်ပြိုင်ကြောင်း၊ လျှောက်ထား သူတွေကို မတ်လ ၁၆ရက်နေ့မှ ပဏာမ လူစစ်ပြီး နောက်ဆုံး လူရွေးပွဲ ကိုတော့ မတ်လ ၃ဝရက်နေ့မှာ ပြုလုပ် မှာဖြစ်ကြောင်း သိရပါတယ်။
ချယ်ရီ