Sunday, January 5, 2025

စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့်...

ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို...

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊...

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ(၃၄)ဦးကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်

ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌...
HomeArticlesပိုမိုကောင်းမွန်သော အာဟာရဓာတ်ဖြင့် ပိုမိုကောင်းမွန်သော...

ပိုမိုကောင်းမွန်သော အာဟာရဓာတ်ဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း ဆေးရုံများသည် အာဟာရဓာတ် ပြည့်ဝလာစေရေး ဦးစားပေးခြင်းဖြင့် လူနာများ၏ ကျန်းမာရေးကို ဘယ်လို ဘယ်လိုပိုကောင်းအောင် လုပ်ကြမလဲ

အာဟာရဓာတ် လုံလောက်စွာ ရရှိခြင်းသည် ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရှုထောင့်အားလုံးတွင် အလွန်အရေးပါသော်လည်း လူအများစုသည် အာဟာရဓာတ်ကို အလေးမထားပဲ လျစ်လျူရှုထားတတ် ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် အာဟာရအား မည်သို့အလေးထားဆောင်ရွက်ရမည်ကို ဖော်ပြရာတွင် လိုအပ်ချက်များစွာ ရှိနေခြင်းကြောင့် လူနာများ စောင့်ရှောက်ကုသရာတွင် အခက်အခဲများ ဖြစ်ပေါ်စေသည်။

၃ ပုံ ၁ ပုံသော လူနာများသည် ဆေးရုံမတက်ရောက်ခင်အချိန်ကပင် အာဟာရချို့တဲ့နေပြီး ၎င်းတို့ဆေးရုံတက်နေချိန်အတွင်းတွင်လည်း အာဟာရချို့တဲ့မှုသည် ပိုမိုဆိုးရွားလာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း ပြုလုပ်ခဲ့သည့် ရာပေါင်းများစွာသော လေ့လာချက်များအရ လူနာများအကြား အာဟာရ မပြည့်ဝခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေကိုပါ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့်

အာဟာရချို့တဲ့မှု၏ အကျိုးရလဒ်အနေဖြင့် ဆေးရုံတက်ချိန်ပိုမိုကြာမြင့်ခြင်း၊ မကြာခဏ ဆေးရုံတက်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ပိုမိုမြင့်မားခြင်း နှင့် နောက်ဆက်တွဲရောဂါများ (ကုတင်နာ ကဲ့သို့) ကာလရှည်ကြာ ဖိထားခြင်းကြောင့် ရရှိသော ဒဏ်ရာများ၊ အခြားသော ကူးစက်ရောဂါများနှင့် မူးလဲကျခြင်းများ ကဲ့သို့ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ ရှိနိုင်ခြေ ပိုမို မြင့်မားသည့်အပြင် သေဆုံးသည်ထိ ဖြစ်စေနိုင်ပါသည်။

ဆေးရုံကို မကြာခဏပြန်လည်တက်ရောက်ခြင်း၏ ကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၁,၀၀၀၀ ကျော် ရှိပြီး အဆိုပါ ပမာဏသည် အာဟာရပြည့်ဝသော လူနာ၏ ကုန်ကျစရိတ်ထက် ၂ ဆ ပိုမိုများပြားသည်။

အာဟာရမပြည့်ဝခြင်း၏ အကျိုးဆက်အနေဖြင့် လူသားများ အသက်ကြီးလာသည်နှင့်အမျှ နာတာရှည်ရောဂါများ ပိုမိုဖြစ်ပွားလာမည် ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ရာသန်းခေါင်စာရင်းအရ ၂၀၅၀ ပြည့်နှစ်တွင်အသက် ၆၀ နှင့်အထက်လူ ဦးရေသည် ၄.၅ သန်းမှ ၁၃ သန်းအထိ – ၂၀ ရာခိုင်နှုန်း တိုးပွားလာမည်ဟုခန့်မှန်းရသည်။ အဆိုပါ အသက်အရွယ်သည် အစာစားချင်စိတ် မရှိခြင်း၊ သွားလာလှုပ်ရှားမှုနည်းခြင်းနှင့် ခံစားနေရသောရောဂါမှ ဖြစ်ပေါ်သော ရောင်ရမ်းခြင်းများကြောင့် အာဟာရမပြည့်ဝမှုများ ပိုမိုဖြစ်ပွားနိုင်ချေရှိသော အသက်အရွယ် အပိုင်းအခြားတစ်ခုဖြစ်သည်။

အာဟာရမပြည့်ဝခြင်းကြောင့် ဆိုးရွားသော အကျိုးဆက်များ မကြာခဏဖြစ်ပေါ်နေသော်လည်း ဤအကြောင်းကို လူအများ သိရှိနားလည်ခြင်း မရှိပေ။ သို့သော်လည်း သတင်းကောင်းမှာ ကျန်းမာရေး စောင့်ရှောက်သူများနှင့် ထိပ်တန်း အာဟာရဆိုင်ရာ ကျွမ်းကျင်သူများသည်

အာဟာရအား ကျန်းမာရေးအတွက် အရေးပါသော အရာတစ်ခုအဖြစ် သတ်မှတ်ခြင်း

လူနာတစ်ဦး၏ စိုးရိမ်ရသော ကျန်းမာရေးအခြေအနေအား ချက်ချင်း အထူးဂရုပြု ကုသပေးနေရသောကြောင့် အာဟာရပမာဏအား ပိုမိုပြည့်မီလာအောင် လုပ်ဆောင်ခြင်းအား တစ်ခါတစ်ရံမှ လုပ်ဆောင်တတ်ကြသည်။ ဆေးပညာရှင်များနှင့် ဆရာဝန်များသည် အဓိက ရောဂါလက္ခဏာအား အလေးထား ကုသပေးနေရသောကြောင့် လူနာတစ်ဦးချင်းစီ၏ အာဟာရဓာတ်ပြည့်ဝမှုအခြေအနေနှင့် ၎င်း၏ ပြန်လည်ကျန်းမာလာရေး အပေါ်သက်ရောက်နိုင်မှုအား အလေးထား ဂရုစိုက်နိုင်ကြမည် မဟုတ်ပေ။

လူများ၏ အာဟာရဓာတ် အခြေအနေ ပိုမိုတိုးတက်လာရေးအတွက် အကောင်းဆုံး အကြံဉာဏ်များအား ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် သက်ကြီးရွယ်အို အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့် DefeatMalnutrition.Today မှ ရရှိလာခဲ့သည်။ အဆိုပါအဖွဲ့အစည်းကြီးသည် သက်ကြီးရွယ်အိုများအတွက် သာမှန် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း တိုင်းတာသကဲ့သို့ အာဟာရ တိုင်းတာမှုအား အရေးပါသည့် လက္ခဏာတစ်ခုအဖြစ် အသိအမှတ်ပြု တိုင်းတာသင့်ကြောင်း ထောက်ခံထားသည်။ ၎င်းတို့၏ အားထုတ်မှုရလဒ်တစ်ခုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု စင်တာများတွင် အာဟာရချို့တဲ့မှု အရည်အသွေးတိုင်းတာမှုအစီအစဉ်အား အခြေခံလုပ်ဆောင်မှုအနေဖြင့် ထည့်သွင်းလာကြသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ဆေးရုံများတွင် ကောင်းမွန်၍ ပိုမိုတိကျ မြန်ဆန်သော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရုံသာမက ဆေးရုံဆင်းချိန် သို့မဟုတ် အသည်းအသန်ရောဂါအား ကုသပြီးချိန်တွင် လူနာတစ်ဦး၏ အာဟာရပြည့်ဝမှု အခြေအနေအား ၎င်း၏ ကျန်းမာရေး မှတ်တမ်းတွင် မှတ်ထားနိုင်မည် ဖြစ်သည်။

အာဟာရပြည့်ဝရေးအား ဦးစားပေးခြင်းသည် ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရုံသာမက လူနေမှုဘဝ ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးအတွက် အသုံးပြုရသော စီးပွားရေး အခက်အခဲများ လျော့ချနိုင် စေပါသည်။ လေ့လာတွေ့ရှိချက်များအရ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် ဆေးရုံရှိလူနာများ၏ အာဟာရအခြေအနေအားစစ်ဆေး၍ လိုအပ်သော အာဟာရအား တိုက်ကျွေးကာ ဆေးရုံတက်နေချိန်နှင့် ဆင်းပြီးချိန် လူနာ၏ အာဟာရအခြေအနေအား တစ်စိုက်မတ်မတ် စောင့်ကြည့်လေ့လာခြင်းအားဖြင့် အကောင်းပကတိ ပြန်လည်ကျန်းမာလာရန် အခွင့်အလမ်းပိုများကြောင်း တွေ့ရှိခဲ့သည်။

သတင်းကောင်းတစ်ခုမှာ ဆရာဝန်များသည် လူနာများအား အာဟာရဆိုင်ရာ ဗဟုသုတများ အပြင် အာဟာရ ဖြည့်စွက်စာများ ထည့်သွင်းပေးခြင်းအားဖြင့် လူနာ၏ ကျန်းမာရေးအား ထိထိရောက်ရောက် ကုသပေးနိုင်ရုံသာမက ငွေကုန်ကြေးကျလည်း သက်သာသည်။

ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အာဟာရ စစ်ဆေးသည့်အစီအစဉ်အား ကျင့်သုံးပြီးချိန်တွင် ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများအပေါ် အဓိပ္ပါယ်ရှိသော သက်ရောက်မှုများကို မြင်တွေ့ခဲ့ရပါသည်။ ဥပမာအားဖြင့် ထိပ်တန်း သိပ္ပံနည်းပညာကို အခြေခံထားသည့် အာဟာရနှင့် ထောက်ခံချက်များ ရရှိထားသော ကျန်းမာရေး ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပြီး Illinois အခြေစိုက် အကြီးမားဆုံး ကျန်းမာရေးစနစ် နှင့် ယုံကြည်စိတ်ချရသော ကမ္ဘာ့ထိပ်တန်း ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတစ်ခု ဖြစ်သော Ensure အား ထုတ်လုပ်ရောင်းချသည့် Abbott သည် မတူညီသော ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများတွင် အာဟာရ ပြည့်မီအောင် ဦးစားပေး ကုသပေးခြင်းဖြင့် လူနာများ၏ကျန်းမာရေးတိုးတက်လာနိုင်ကြောင်းလက်တွေ့ ပြသနိုင်ခဲ့သည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071