(၁)
၃နှစ်ကွေ့အတက်မှာဟိုး တောင်ခြေက လမ်းတွေကို ပြန်မြင်ရဝံပုလွေရဲ့ အင်အားဟာ ဝံပုလွေအုပ်ထဲမှာ။ချစ်ခြင်းလို ချောက်ကမ်းနယ်ချဲ့လမ်းပေါ်ထိ ဝါးရုံစိမ်းမြတွေယိမ်းနွဲ့တောင်ပေါ်မိုးဖွဲထဲမှာမှ သက်တန့်ကို မင်းကရှာ။တောင်တွေပြိုစဉ်တစ်ခါက၁ဝ နှစ်စာ ပိတ်မိခဲ့တာ ငါပြန်သတိရ။
(၂)နှစ် ၄ဝ အရှည် ဘေလီတံတားတဲ့ဟိုး…ဘက်ကလာနေတဲ့ကားကို မမြင်နိုင်ဘူးရိုဘော့တွေဟာ ဆူဆိုဒ်လုပ်မရ သလိုလား။အချက်ပြမီးက အမြဲစိမ်းအခြေအနေမှာတစ်လမ်းမောင်းတည်း တစ်ဘဝလုံး ဝုန်းဒိုင်းပစ်ဝင်သွားနှစ် ၂ဝ စာ အမြင်မှာ ကိုယ်စီခေါင်းချင်းဆိုင်မိကြ။ ချစ်သူရေစကားစမြည်အနေအထားမှာကိုယ်ကနောက်သို့ ပျော်ပျော်ကြီး ခဏ ပေးပြန်ရ။
(၃) ပြိုမလိုမိုးထဲရှေ့မှာ အမည်း နောက်မှာအဖြူနှင်းနဲ့မြူဆိုတာ အတူတူလား ဖြစ်ရပြန်တယ်။နှစ်ယောက်ပေါင်းမှ အလင်းကတစ်စုံမိုးစဲလမ်းတွေမှာ မိသားစုအတူပြန်ဆုံဖို့ပန်းချီကားတွေလို အဓိပ္ပါယ်ကို မပြတော့ဘူး။ကိုယ့်အရှေ့ ချစ်ခြင်းတွေက စစ်ဆီ တယိုယိုငါတို့နှစ်တွေက ပွိုင့်မရှိတာယာအစုံနဲ့။အရင်တစ်ခါလိုဘယ်ဘက်ကို နှစ် ၃ဝ လောက် ကွေ့ဝင်သွားညာလမ်းအတိုင်း ၁၅ နှစ်စာလောက် ဖြတ်ဝင်အဲဒီတောင်တန်းတွေထဲမှာတဲ့ တိုက်ပွဲ တွေက။အကူအကယ်တွေ အရွယ်ရောက်ပြီလားပြီးမှ ၅ နှစ်စာထိ ရပ်နားစားသောက် အိမ်ပြန်ရောက်တော့မယ် နီးပြီဆို။အချစ်ရေ စက်နှိုးမရတော့တဲ့အခါငါ့ဇက်ကြိုးကိုသာ မင်း ကိုင်လိုက်ပါ။
(၅)ရှေ့မှာ တိမ်နီရောင်တောင်တန်းကောက်ပင်စိမ်းမြတွေက ငါတို့လမ်း ဝဲ ယာလှလိုက်တာ လှလိုက်တာ။ ဟာ ဟာ …ဟာငါတို့ယာဉ်ကြောထဲ ကားတစ်စီးပြေး ဝင်လာမင်းရှာနေတဲ့ သက်တံ့လှလှလေးက အဲဒီကားနောက်မှာ။
(၆)စိတ်က ဟိုး…ဘက်ကို ကယ်ဆယ်ရေး သွားတဲ့အခါရုပ်က ဒီဘက် ဒုက္ခသည်စခန်းမှာအချစ်လား… ခေါင်းတခြား ကိုယ်တခြားနဲ့ လမ်းပေါ်မှာ . . . ။
လူလန်း