နိုင်ငံရေး၊လူမှုရေး၊လက်နက်ကိုင်ပဋိပက္ခတွေကြား လူကုန်ကူးမှုပြဿနာ အား ယခုနှစ် ကုလသမဂ္ဂခန့်မှန်းချက်
မြန်မာမှာ ပဋိပက္ခတွေကြား ကလေးတွေ နေရပ်စွန့်ခွာရတာ၊ သတ်ဖြတ်ခံရတာ၊ လူကုန်ကူးတာနဲ့ ပဋိပက္ခတွေမှာ အသုံးချခံရမှာ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂရဲ့ နှစ်ချုပ်အစီရင်ခံစာမှာ သတိပေးလိုက်တဲ့အကြောင်း VOAသတင်းမှာဖော်ပြပါတယ်။
နိုင်ငံရေး၊ လူမှုရေး ပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား ပြီးခဲ့တဲ့နှစ်ထဲ ဆိုးရွားလာခဲ့တဲ့ လူကုန်ကူးမှု ပြဿနာတွေဟာ ဒီနှစ်မှာ ပိုဆိုးမယ့် အန္တရာယ်ရှိတယ်လို့လည်း ဖော်ပြပါတယ်။
အခု၂၀၂၂ ခုနှစ်သစ်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတွေမှုနဲ့ ကြုံရနိုင်ပြီး၊ ၄ ပုံ ၁ ပုံလောက်ရှိတဲ့ ခန့်မှန်းချေ လူပေါင်း ၁၄ ဒဿမ ၄ သန်းလောက်ဟာလည်း စာနာမှုအထောက်အပံ့တွေ လိုအပ်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
၂၀၀၅ ခုနှစ်ကတည်းကဆင်းရဲမွဲတေမှုလျော့ကျလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီပြီးနောက်အခြေအနေတွေဟာဆိုးရွားလာတဲ့အကြောင်း၊အရေးအပေါ်အကူအညီ လိုအပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ ၁၄ သန်းကျော်ထဲမှာ အမျိုးသမီး ၇ သန်းခွဲလောက်နဲ့ ကလေး ၅ သန်းလောက် ပါဝင်ကြောင်းလည်း ပြောပါတယ်။
နှစ်သစ်မှာလည်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လုံခြုံရေးပြဿနာတွေ ဆက်လက်ကြုံတွေ့ရမယ့် အလားအလာတွေ ရှိနေသလို၊ ကိုဗစ်ကပ်ရောဂါ မျိုးကွဲသစ်တွေ ပေါ်ပေါက်နေချိန်မှာ ကာကွယ်ဆေးထိုးနှုန်း အားနည်းတာတွေဟာလည်း ကျန်းမာရေးကဏ္ဍမှာ ခြိမ်းခြောက်မှုအဖြစ် သတိပေးထားပါတယ်။
Zaw Gyi
နိုင္ငံေရး၊လူမွုေရး၊လက္နက္ကိုင္ပဋိပကၡေတြၾကား လူကုန္ကူးမွုျပႆနာ အား ယခုႏွစ္ ကုလသမဂၢခန္႔မွန္းခ်က္
ျမန္မာမွာ ပဋိပကၡေတြၾကား ကေလးေတြ ေနရပ္စြန႔္ခြာရတာ၊ သတ္ျဖတ္ခံရတာ၊ လူကုန္ကူးတာနဲ႔ ပဋိပကၡေတြမွာ အသုံးခ်ခံရမွာ စိုးရိမ္ရတယ္လို႔ ကုလသမဂၢရဲ့ ႏွစ္ခ်ဳပ္အစီရင္ခံစာမွာ သတိေပးလိုက္တဲ့အေၾကာင္း VOAသတင္းမွာေဖာ္ျပပါတယ္။
နိုင္ငံေရး၊ လူမွုေရး ျပႆနာေတြနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြၾကား ၿပီးခဲ့တဲ့ႏွစ္ထဲ ဆိုးရြားလာခဲ့တဲ့ လူကုန္ကူးမွု ျပႆနာေတြဟာ ဒီႏွစ္မွာ ပိုဆိုးမယ့္ အႏၲရာယ္ရွိတယ္လို႔လည္း ေဖာ္ျပပါတယ္။
အခု၂၀၂၂ ခုႏွစ္သစ္မွာ ျမန္မာနိုင္ငံ လူဦးေရရဲ့ ထက္ဝက္ေလာက္ဟာ ဆင္းရဲမြဲေတြမွုနဲ႔ ၾကဳံရနိုင္ၿပီး၊ ၄ ပုံ ၁ ပုံေလာက္ရွိတဲ့ ခန႔္မွန္းေခ် လူေပါင္း ၁၄ ဒႆမ ၄ သန္းေလာက္ဟာလည္း စာနာမွုအေထာက္အပံ့ေတြ လိုအပ္နိုင္တယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။
၂၀၀၅ ခုႏွစ္ကတည္းကဆင္းရဲမြဲေတမွုေလ်ာ့က်လာခဲ့ေပမယ့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီၿပီးေနာက္အေျခအေနေတြဟာဆိုးရြားလာတဲ့အေၾကာင္း၊အေရးအေပၚအကူအညီ လိုအပ္နိုင္တယ္လို႔ ခန႔္မွန္းထားတဲ့ ၁၄ သန္းေက်ာ္ထဲမွာ အမ်ိဳးသမီး ၇ သန္းခြဲေလာက္နဲ႔ ကေလး ၅ သန္းေလာက္ ပါဝင္ေၾကာင္းလည္း ေျပာပါတယ္။
ႏွစ္သစ္မွာလည္း နိုင္ငံေရးအက်ပ္အတည္းေတြနဲ႔ လုံျခဳံေရးျပႆနာေတြ ဆက္လက္ၾကဳံေတြ႕ရမယ့္ အလားအလာေတြ ရွိေနသလို၊ ကိုဗစ္ကပ္ေရာဂါ မ်ိဳးကြဲသစ္ေတြ ေပၚေပါက္ေနခ်ိန္မွာ ကာကြယ္ေဆးထိုးႏွုန္း အားနည္းတာေတြဟာလည္း က်န္းမာေရးက႑မွာ ၿခိမ္းေျခာက္မွုအျဖစ္ သတိေပးထားပါတယ္။