Saturday, April 12, 2025

ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ ရှာတွေ့ခဲ့သည့်...

ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် မန္တလေးမြို့နှင့် နေပြည်တော်တို့ရှိ အဆောက်အဦးများမှ တွေ့ရှိခဲ့သည့် ရတနာနှင့် ငွေသားများကို ပိုင်ရှင်ထံ...

အမေရိကန်တို့၏ F-16 လေယာဉ်များ ရောင်းချမှု...

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ F-16 တိုက်လေယာဉ်များ ရောင်းချမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ "အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့်...

ထောင်ဒဏ်ကျခံနေရသည့် စီးပွါးရေးလုပ်ငန်းရှင် အချို့ ပြန်လွတ်မြောက်လာ

ထောင်ဒဏ်ကျခံနေရသည့် ဧဒင်ဂရု၏အကြီးအကဲ ဦးချစ်ခိုင် အပါအဝင် စီးပွါးရေးလုပ်ငန်းရှင်အချို့သည် ယနေ့ ဧပြီ (၁၂)ရက် တွင် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။ တီကျစ်ကျောက်မီးသွေး စက်ရုံအတွက် အခွန်ပေးဆောင်ရာတွင်...

အင်အားပြင်း ငလျင်ကြောင့် ရှိမ်းမကားဘေးမဲ့တောရှိ တောရကြီးကျောင်းပြိုကျပျ-က်စီး

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရှိမ်းမကားဘေးမဲ့တောရှိ တောရကြီးကျောင်းကြီးလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။ "ရှိမ္မကားတောရကျောင်း"ကို မင်းတုန်းမင်းတရားကြီးက ၁၂ ၂၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး...
HomeNewsLiterature Newsမဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ...

မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

မဟာသင်္ကြန်ပွဲတော်ကာလ ရန်ကုန်မြို့တွင်းလမ်းအချို့ မနက်၇-ညနေ၆အထိ ယာယီပိတ်ထားမည်

မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် တန်ခူးလဆန်း(၁၃) ရက်နေ့မှ တန်ခူးလဆုတ်(၁) ရက်နေ့အထိ(၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ)မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှဖျော်ဖြေခြင်းများဖြင့် ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်၌ကျင်းပသွားမည်ဖြစ်ရာ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း ခေတ္တပိတ်ထားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးကြေညာထားသည်။

အဆိုပါလမ်းများ ယာယီပိတ်ထားမှုကို နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ပြုလုပ်မည်ဖြစ်၍ မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အဦးများထဲမှ ရှာတွေ့ခဲ့သည့် ရတနာများနှင့် ငွေသားများကို ပိုင်ရှင်ထံပြန်အပ်

ပြီးခဲ့သည့် မတ်လ (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် မန္တလေးမြို့နှင့် နေပြည်တော်တို့ရှိ အဆောက်အဦးများမှ တွေ့ရှိခဲ့သည့် ရတနာနှင့် ငွေသားများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ ဧပြီလ (၁၂) ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးမြို့ Great Wall Hotel အဆောက်အဦးအတွင်း ရှာဖွေတွေ့ရှိခဲ့သော MAB Bank ATM စက်နှင့် ငွေသားများအား MAB Bank မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။ ထို့အတူ မန္တလေးမြို့ (၂၁)လမ်းနှင့်...

အမေရိကန်တို့၏ F-16 လေယာဉ်များ ရောင်းချမှု တရုတ်ဝေဖန်

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ F-16 တိုက်လေယာဉ်များ ရောင်းချမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ "အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့် အတူ ခိုင်မာစွာရပ်တည်နေပြီး ခြိမ်းခြောက်မှုများကို ကာကွယ်ရန်၊ စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အကျိုးစီးပွားများကို တိုးတက်စေရန် ဆုံးဖြတ်ချက်ချမှတ်ပြီး ဆက်လက်လုပ်ဆောင်နေပါသည်" ဟု Newsweek သို့ ပြောကြားခဲ့သည်။ Newsweek သည် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်စစ်တပ်နှစ်ခုစလုံးထံ မှတ်ချက်တောင်းခံရန် အီးမေးလ်ပို့ခဲ့သော်လည်း မည်သည့်မှတ်ချက်မျှ မရခဲ့ချေ။ အမေရိကန်၏ ပင်လယ်ရေပိုင်နက်ဝန်းရံထိန်းချုပ်ရေးဗျူဟာအောက်တွင် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့သည် ပထမကျွန်းစပ်တန်း၏ အစိတ်အပိုင်းများဖြစ်ပြီး...

ထောင်ဒဏ်ကျခံနေရသည့် စီးပွါးရေးလုပ်ငန်းရှင် အချို့ ပြန်လွတ်မြောက်လာ

ထောင်ဒဏ်ကျခံနေရသည့် ဧဒင်ဂရု၏အကြီးအကဲ ဦးချစ်ခိုင် အပါအဝင် စီးပွါးရေးလုပ်ငန်းရှင်အချို့သည် ယနေ့ ဧပြီ (၁၂)ရက် တွင် ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။ တီကျစ်ကျောက်မီးသွေး စက်ရုံအတွက် အခွန်ပေးဆောင်ရာတွင် အဂတိလိုက်စားမှုရှိခဲ့သည်ဆိုသည့်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည့် ဦးချစ်ခိုင်အား ယနေ့နံနက်ပိုင်းက မန္တလေး အိုးဘိုထောင်မှ တဆင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးချစ်ခိုင်သည်ယခုတွင် မန္တလေးမြို့၌ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့အတည်ပြုပြောကြားခဲ့သည်။ ဇေကမ္ဘာဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟလည်း အင်းစိန်အကျဉ်းထောင်မှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းများကြားသိရသည်။ နှစ်ဆန်းတစ်ရက် အတွက် ကြိုလွတ်လာတာထင်တယ်ဟု သရုပ်ဆောင်နန္ဒာလှိုင်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။ ဖမ်းဆီးခံထားရသော ဆီလုပ်ငန်းရှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071