Tuesday, March 11, 2025

ဆိုးလ်-ဝါရှင်တန်စစ်ရေးလေ့ကျင့်မှုစချိန်၌ပြုံယမ်းကပဲ့ထိန်းဒုံးကျည်များပစ်

ဆိုးလ်နှင့် ဝါရှင်တန်တို့၏ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှု Freedom Shield ကို စတင်သည့်နေ့မှာပင် မြောက်ကိုရီးယားသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည် အမြောက်အများကို ပစ်လွှတ်ခဲ့သည်ဟု...

အီရန်၊ရုရှားနှင့်တရုတ်တို့ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

တေရန်၊မတ် ၁၀ အီရန်၊ရုရှားနှင့် တရုတ်ရေတပ်များသည် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ယခုသီတင်းပတ်အတွင်း အီရန်ကမ်းလွန်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း အီရန်မီဒီယာများကဖော်ပြခဲ့သည်။ ၎င်းတို့သည် မကြာသေးမီနှစ်များအတွင်းကလည်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများပြုလုပ်လေ့ရှိခဲ့ပြီး အီရန်အရှေ့တောင်ပိုင်းမှ အိုမန်ပင်လယ်ကွေ့ရှိ Chabahar...

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဇလန်းစကီး ဆော်ဒီသို့...

ရုရှားနှင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ကြီးမားသော တိုးတက်မှုများ ရရှိလိမ့်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားသော ယူကရိန်း-အမေရိက အရာရှိများ တွေ့ဆုံဆွေးနွေးမှု မတိုင်မီတွင် ယူကရိန်းသမ္မတ...

ပြည်ပထွက်ခွာ အလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့်...

PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ်ကိုင်ဆောင်ထားပြီး ပြည်ပထွက်ခွာအလုပ်လုပ်မည့် မည်သူမဆို အွန်လိုင်းမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ယင်းတွင် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်)...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ထိုင်ဝမ်ကိုမကျူးကျော်‌အောင်ကာကွယ်မည်လားဆိုသောမေးခွန်းကိုထရမ့်ပ်မဖြေ

ထိုင်ဝမ်ကို တရုတ်က ထိန်းချုပ်လာလျှင်တားဆီးရန်သည် သူ့အစိုးရ၏ မူဝါဒဖြစ်ပါသလားဆိုသော မေးခွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ မဖြေကြားလိုကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။ “ဒီကိစ္စကို ငါ ဘယ်တော့မှ မှတ်ချက်မပေးပါဘူး” ဟု ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးအတွင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ထရမ့်ပ်က တုန့်ပြန်ခဲ့သည်။...

နိုင်ငံခြားဖွံ့ဖြိုးရေးနှင့် အကူအညီပေးသည့် ဘတ်ဂျက်ကို...

အမေရိကန်နိုင်ငံမှ နိုင်ငံခြားဖွံ့ဖြိုးရေးနှင့် အကူအညီပေးသည့် အစီအစဉ်များ၏ ဘဏ္ဍာငွေများကို သိသိသာသာ လျှော့ချလိုက်ပြီး နှစ်ရှည်စာချုပ်များကို ၉၂ ရာခိုင်နှုန်း (ဒေါ်လာ ၅၄ ဘီလီယံ) လျှော့ချလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်၏...

လာအို၌အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်နေကြောင်းသတိပေး

ဗီယင်ကျန်း၊ဖေဖော်ဝါရီ ၂၆ လာအိုနိုင်ငံအလယ်ပိုင်းရှိ ဆိုင်စင်ဘောင်းပြည်နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားမှု တွေ့ရှိပြီးနောက် လာအိုနိုင်ငံအလယ်ပိုင်း ကိုအနီရောင်ဇုန်အဖြစ်ကြေငြာခဲ့သည်ဟုသိရသည်။ ဒေသဆိုင်ရာအာဏာပိုင်များက ဖေဖော်ဝါရီ ၁၉ ရက်နေ့၌ အဆိုပါဒေသသို့ လာ‌ရောက်စစ်‌ဆေးခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟုလည်း လာအိုအမျိုးသားရေဒီယိုက တရားဝင်အတည်ပြုကြေငြာခဲ့သည်။ ထပ်မံပြန့်ပွားမှုမရှိစေရန်အတွက် တာဝန်ရှိသူများက ရောဂါပိုးပါနိုင်သည့် ဝက်သားရောင်းချခြင်းလုပ်ငန်းကိုတားမြစ်ခဲ့သည်ဟုလည်းသိရသည်။ အဆိုပါရောဂါသည် လာအိုလူမျိုးများ၏ ဝက်သားထုတ်လုပ်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိသဖြင့် ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန်နှင့်နှိမ်နင်းရန် အာဏာပိုင်များနှင့်ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ဖို့...

သတ္တုသဘောတူညီချက်လက်မှတ်ထိုးရန် ဇလန်းစကီးအမေရိကသွားမည်

ဝါရှင်တန်၊ဖေဖော်ဝါရီ ၂၆ ယူကရိန်းသမ္မတဇယ်လန်းစကီး ဝါရှင်တန်လာရန် သဘောတူကြောင်း အမေရိကန်သမ္မတကပြောကြားခဲ့ပြီး သမ္မတနှစ်ဦးသည် ယူကရိန်းစစ်ပြီးကာလအရေးနှင့်ပတ်သက်၍ သတ္တုရေးရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန်စီစဉ်ထားသည်ဟုလည်းသိရသည်။ "ယူကရိန်းသမ္မတ သောကြာနေ့မှာဝါရှင်တန်လာမယ်လို့ကြားပါတယ်၊အခုသဘောတူညီချက်ကို ဇယ်လန်းစကီးဘက်ကအဆင်ပြေတယ်ဆိုရင် ကျွန်တော့်ဘက်ကလည်းငြင်းစရာမရှိပါဘူး။အခုသဘောတူညီချက်က တကယ်ကောင်းတဲ့သဘောတူညီချက်တစ်ခုဖြစ်လာမှာပါ" ဟုလည်း၎င်းကဆိုခဲ့သည်။ အမေရိကန်မီဒီယာများ၏ဖော်ပြချက်အရ ယူကရိန်းသည် အင်္ဂါနေ့ကအမေရိကန်ဘက်မှအဆိုပြုခဲ့သည့် သဘောတူညီချက်မူကြမ်း၏ နောက်ဆုံးအဆင့်မူကို သဘောတူခဲ့သည်ဟုလည်းသိရသည်။ ယခုသဘောတူညီချက်၏ နောက်ဆုံးအဆင့်အတည်ပြုချက်များကို အတိအကျမသိရသေး‌သော်လည်း အင်္ဂါနေ့ကဆွေးနွေးခဲ့သည့်မူကြမ်းတွင် ယူကရိန်းနှင့်အမေရိကတို့၏သဘောတူညီမှု၌ ယူကရိန်းအနေဖြင့်...

ယူကရိန်းအရေးအမေရိက၏ရပ်တည်ချက်မျှတမှုကိုခရမ္မလင်ကြိုဆို

ကုလသမဂ္ဂ၊ဖေဖော်ဝါရီ ၂၅ ရုရှားအပေါ်ဝေဖန်မှုမပါဝင်သည့် စစ်ပွဲဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ထရမ့်ပ်အစိုးရကတွန်းအားပေးခဲ့သဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး အမေရိက၏ရပ်တည်ချက်မှာ မျှတသည်ဟုဆိုကာ ခရမ္မလင်ကကြိုဆိုခဲ့သည်ဟုသိရသည်။ ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကမူ ယခုလုပ်ရပ်ကို ကြည့်ခြင်းဖြင့် အမေရိကအနေဖြင့် မော်စကိုနှင့်ဆက်ဆံရေးအား ကောင်းမွန်တည်ငြိမ်လိုစေသည်မှာထင်ရှားသည်ဟုလည်းသိရသည်။ တနင်္လာနေ့နှောင်းပိုင်းက ကုလသမဂ္ဂ၌အတည်ပြုခဲ့သည့် အဆိုပါဆုံးဖြတ်ချက်ကို ခရမ္မလင်ကထောက်ခံခဲ့သော်လည်း ဥရောပ‌နိုင်ငံအများစုကလက်မခံခဲ့ပေ။ ရုရှား-ယူကရိန်းအရေးသုံးနှစ်ပြည့်ချိန်၌ အမေရိကသည် ၎င်းအနေဖြင့် ရုရှား-ယူကရိန်းအရေး၌ ကြားနေအဖြစ်သာရပ်တည်ပြီး ပဋိပက္ခကိုအမြန်ဆုံးအဆုံးသတ်ကာ...

ဂျပန်မြောက်ပိုင်းမှာတောမီးလောင်၊ရာနှင့်ချီ၍လူများရွှေ့ပြောင်းရ

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ၈၀ ကျော် ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူများကို ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ကြောင်းနှင့် စစ်ဘက်ရဟတ်ယာဉ်များကို စေလွှတ်၍ မီးငြိမ်းသတ်ရာတွင် ကူညီဆောင်ရွက်နေကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၇ တွင် ပြောကြားသည်။ Iwate ဒေသရှိ သစ်တောထူထပ်သော Ofunato မြို့တွင်...

ပြည်သူတို့မျှော်မှန်းချက်များကိုမဖြည့်ဆည်းနိုင်လျှင်ဒုတိယသက်တမ်းအရွေးမခံ–အင်ဒိုသမ္မတ

အောက်တိုဘာလ ၂၀ ရက်‌နေ့တွင် ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့သော အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ပြည်သူများ၏ မျှော်မှန်းချက်များကို မဖြည့်ဆည်းပေးနိုင်ပါက ဒုတိယ ငါးနှစ်သက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။ “ကျွန်တော်ရဲ့ လေးနှစ်‌မြောက်တာဝန်ထမ်းဆောင်မှုမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိရင် ကျွန်တော် ဝင်ပြိုင်တော့မှာ မဟုတ်ပါဘူး၊ ကျွန်တော်...

အမေရိကဖိအားတိုးလာခြင်းကိုမပူကြရန်အစိုးရအရာရှိများကိုရှီတိုက်တွန်း

ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အခက်အခဲများကြားတွင် တည်တည်ငြိမ်ငြိမ်ရှိကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အစိုးရအရာရှိများကို တိုက်တွန်းလိုက်ပြီး ပေကျင်းအနေဖြင့် ထရမ့်ပ်အစိုးရအဖွဲ့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ချိန်ဆကာ ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် “ပြည်တွင်းနဲ့ နိုင်ငံတကာ အခြအနေ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးစွမ်းရည်ကို...

တရုတ်နှင့် လာအိုတို့ ပူးပေါင်း၍...

ဗီယန်ကျင်း၊ ဖေဖော်ဝါရီ ၂၅ တရုတ်နိုင်ငံ၏ ကွမ်ရှီး ဇွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် လာအိုနိုင်ငံတို့ပူးပေါင်း၍ တနင်္ဂနွေနေ့တွင် တရုတ်-လာအို ဉာဏ်ရည်တု နည်းပညာ ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူညီမှုသည် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြားတွင် ပထမဆုံးဦးဆုံး ဉာဏ်ရည်တု နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်မှု...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!