Saturday, December 21, 2024

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု(အေ)စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်

အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု (အေ)တွင် စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ယမန်နေ့က အုပ်စု(အေ)အဆင့်ပွဲစဉ်များ နောက်ဆုံးကစားပြီးချိန်တွင် စင်ကာပူအသင်းသည် ထိုင်းအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အရှေ့တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကို...

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...
HomeInternational

Category: International

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့်...

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင်...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်” ဟု Scholz က X ပေါ်တွင် ရေးသားခဲ့သည်။ သံသယရှိသူသည် အသက် ၅၀ အရွယ် ဆော်ဒီအမျိုးသား ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာခဲ့သူဖြစ်ကြောင်း Saxony-Anhalt ပြည်နယ် ပြည်ထဲရေးဝန်ကြီး Tamara Zieschang က ပြောဆိုသည်။ သံသယရှိသူသည် ယခင်က ပြစ်မှုမှတ်တမ်းရှိမထားဟု ဆိုသည်။ ‌ေ-သဆုံးခဲ့သူများတွင် တစ်ဦးသည် ကလေ-းငယ်ဖြစ်ပြီး နောက်တစ်ဦးသည် အရွယ်ရောက်ပြီးသူဖြစ်သည်ဟု အခြားပြည်နယ်အစိုးရအရာရှိတစ်ဦးဖြစ်သည့် Premier Reiner Haseloff က ပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူ ထပ်ရှိလာနိုင်သလားဆိုသည်ကိုမူ သူ့အနေဖြင့် မပြောနိုင်သေးကြောင်းလည်း ဆက်လက် ပြောဆိုခဲ့သည်။ Ref: အယ်ဂျာဇီးယား

အင်ဒိုနီးရှား ဘောလုံးကွင်းအတွင်း လူအုပ်ပိသေဆုံးရခြင်း၏...

ဂျကာတာ၊ အောက်တိုဘာ ၁၅ အင်ဒိုနီးရှားရှိ ဘောလုံးကွင်း လူအုပ်ပိ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံထားရသည့် ဖြစ်ရပ်မှန် စုံစမ်းဖေါ်ထုတ်ရေးအဖွဲ့က အားကစားကွင်းအတွင်း လူသေဆုံးမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ မျက်ရည်ယိုဗုံးကြောင့်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်ဟု နိုင်ငံ့ လုံခြုံရေးဝန်ကြီးက အောက်တိုဘာလ ၁၄ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ အစိုးရအရာရှိများ၊ ဘောလုံးနှင့်...

တောင်ကိုရီးယားသည် စက်တင်ဘာလအတွက် အီရန်ရေနံစိမ်းအားတင်သွင်းခြင်းမရှိ

ဆိုးလ်၊အောက်တိုဘာ ၁၅ တောင်ကိုရီးယားသည် စက်တင်ဘာလနှင့် လွန်ခဲ့သည့်တစ်နှစ်အတွင်း အီရန်ရေနံစိမ်းကိုတင်သွင်းခြင်းမရှိကြောင်း ပဏာမအချက်အလက်များကို ကိုရီးယားအကောက်ခွန်ဌာနမှ စနေနေ့ကပြသခဲ့သည်။ ကမ္ဘာ့ပဉ္စမမြောက် အများဆုံးရေနံစိမ်းဝယ်ယူသည့် နိုင်ငံသည် ပြီးခဲ့သည့်လကစုစုပေါင်း ရေနံစိမ်းတန်ချိန် ၁၁ ဒသမ ၆ သန်းတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်အတွင်းကမူ တန်ချိန် ၁၀ ဒသမ ၆ သန်းတင်သွင်းခဲ့ကြောင်းလည်း ကိန်းဂဏန်းအချက်အလက်များကဖော်ပြထားသည်။ တောင်ကိုရီးယား၏ ရေနံစိမ်းတင်သွင်းမှုအတွက်...

BTS သည် ကမ္ဘာ့ကုန်စည်ပြပွဲကို...

ကေပေါ့ ယောကျ်ားလေး တေးဂီတအဖွဲ့ BTS သည် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ဘူဆန်တွင် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားရန်အတွက် အောက်တိုဘာလ ၁၅ ရက် စနေနေ့တွင် ပြန်လည်ဆုံစည်းသွားမည် ဖြစ်သည်။ ဘူဆန်မြို့ခံများနှင့် တောင်ကိုရီးယားအစိုးရတို့က ထိုဖျော်ဖြေပွဲမှာ ၂၀၃၀ ပြည့်နှစ်တွင် ကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲအား ၎င်းတို့၏ နိုင်ငံ၌ လက်ခံ...

ကမ္ဘောဒီးယားမဲခေါင်မြစ်အတွင်းကူးတို့လှေနစ်မြုပ်မှုကြောင့် ကလေးငယ် ၁၄...

ဖနွမ်းပင်၊အောက်တိုဘာ ၁၄ ကမ္ဘောဒီးယားနိုင်ငံမဲခေါင်မြစ်အတွင်း ကျောင်းမှအိမ်သို့အပြန် ကလေးများတင်ဆောင်လာသောတန်ပိုကူးတို့ကြောင့် ကလေးငယ် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၄ ရက် သောကြာနေ့ကပြောကြားခဲ့သည်။ မြို့တော်ဖနွမ်းပင်၏အရှေ့တောင်ဘက် ၅၃ ကီလိုမီတာအကွာ၌ ကြာသပတေးနေ့ကဖြစ်ပွားခဲ့သောဖြစ်ရပ်အပြီးတွင် ပျောက်ဆုံးနေသောအခြားကျောင်းသားတစ်ဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြောင်းပြည်နယ်ရဲချုပ် Chhoeun Sochet က ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ဖြစ်စဉ်တွင်ပါဝင်သည့်ကလေးငယ်များသည် အသက် ၁၁...

အမေရိက၌ ကိုဗစ်ကပ်ရောဂါအား ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်...

ဝါရှင်တန်၊အောက်တိုဘာ ၁၄ အမေရိကန်ပြည်ထောင်စုသည် အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့တွင် ကိုဗစ်ကူးစက်ရောဂါ၏အခြေအနေကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် နောက်ထပ်ရက်ပေါင်း ၉၀ သက်တမ်းတိုးခဲ့ပြီး ဆေးရုံများတွင် ရန်ပုံငွေအများအပြားထောက်ပံ့မှုနှင့် နွမ်းပါးသူများအတွက် ဆေးဝါးအကူအညီပေးမှုစီမံကိန်း များကိုလည်းဆက်လက်လုပ်ဆောင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့အရေးပေါ်အခြေအနေကြေငြာချက်အား ကျန်းမာရေးဝန်ကြီး ဇာဗီးယေး ဘက်ကာရာ က ကြာသပတေးနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်လကလည်း သမ္မတဘိုင်ဒင်သည်...

ဗင်နီဇွဲလားမြေပြိုမှုကြောင့် သေဆုံးသူ ၅၀...

ဗင်နီဇွဲလား၊ အောက်တိုဘာ ၁၄ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်အနီးရှိ မြို့တစ်မြို့တွင် ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ၅၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက် ကြာဿပတေးနေ့တွင် ပြောကြားခဲ့သည်။ “အခုလက်ရှိအထိတော့ ကံမကောင်းစွာနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူအယောက် ၅၀ပဲ ရှိပါ‌ေသးတယ်၊ သူတို့ရဲ့...

ရေမွှေး ဒေါ်လာ ၂သန်းဖိုးကို...

ဘီလျံနာ အီလွန်မတ်စ်သည် Burnt Hair ဟု အမည်ပေးထားသော ရေမွှေးအသစ်တစ်ခုကို ၂၄နာရီအတွင်း အမေရိကန် ဒေါ်လာ ၂သန်းဖိုးခန့်ရောင်းချနိုင်ခဲ့သည်။ ယင်းရေမွှေး ပုလင်း ၂သောင်းကို အီလွန်မတ်စ်က ယခုသီတင်းပတ် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အတွင်းတွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။ ထို့ကြောင့် သူ့ကိုယ်သူ ရေမွှေးအရောင်းသမားတစ်ဦးအဖြစ် ဂုဏ်ယူကာ တွစ်တာတွင်...

ရုရှားသမ္မတသည် ကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမည့်ကာတာနိုင်ငံအား အောင်မြင်ပါစေကြောင်းဆုတောင်းပေးခဲ့

ရုရှားသမ္မတဗလာဒီမာပူတင်သည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကာတာနိုင်ငံအနေဖြင့်အောင်မြင်မှုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး ၂၀၁၈ ခုနှစ်ကအိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ရုရှားအနေဖြင့် ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ အတွေ့အကြုံများကိုမျှဝေပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ရုရှားသည် ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်လ်သို့တက်ရောက်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းက ယူကရိန်းသို့ကျူးကျော်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ပါဝင်ခွင့်ပိတ်ပင်ခံခဲ့ရသည်။ သမ္မတပူတင်သည် အောက်တိုဘာ...

တရုတ်နိုင်ငံ၏ကိုဗစ်ပပျောက်ရေးမူဝါဒသည် အသက်ကယ်နိုင်သော်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက်...

ပေကျင်း၊အောက်တိုဘာ ၁၄ တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ယင်းမူဝါဒသည် အသက်များကိုကယ်တင်နိုင်သော်လည်း အသက်မွေးဝမ်းကြောင်းအတွက်မူအဆင်မပြေဘဲတရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များက စီးပွားရေးလုပ်ငန်းများနှင့်အလုပ်အကိုင်ရှာဖွေသူများအတွက် ထိခိုက်နစ်နာစေကြောင်းသိရှိရသည်။ တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအနက် လူပေါင်း ၅,၂၂၆ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ဆန့်ကျင်ဘက်အနေဖြင့် အမေရိကတွင်မူ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!