Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeInternational

Category: International

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး...

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး ပျံ့နှံ့လောင်ကျွမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် ဟက်တာ ၂၈၀၀၀ ကျော်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောဆိုသည်။ တောမီးလောင်မှုများကို မီးသတ်ယာဉ် ၁၀၀ ကျော်၊ လေယာဉ် 25 စီးနှင့်အတူ မီးသတ်သမား ၄၀၀ ခန့်က ငြိမ်းသတ်နေသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ လေတိုက်နှုန်း ကျသွားသောကြောင့် မီးရှိန်တည်ငြိမ်သွားပြီဖြစ်သည်ဟု စီရင်စုမီးသတ်အာဏာပိုင်အဖွဲ့ ဒုတိယအရာရှိချုပ် ဂယ်ရီကွတ်က သတင်းဌာနကို ပြောဆိုခဲ့သည်။ လူ ၃၃ ဦး‌ေ-သဆုံးကာ တူရကီနိုင်ငံအရွယ်အစားဧရိယာမျှ လောင်ကျွမ်းခံခဲ့ရသည့် ၂၀၁၉-၂၀၂၀ က “Black Summer” တောမီးဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက မီးလောင်ဖြစ်စဉ်နည်းပါးသော ရာသီများကိုဖြတ်သန်းခဲ့အပြီးတွင် ယခုနှစ်သြစတြေးလျ၏ နွေရာသီသည် အန္တရာယ်များသော တောမီးရာသီဖြစ်ကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။ Ref: အက်ဖ်အမ်တီ

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ်...

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇ ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေ ကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။ "လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e - invoicing စနစ်) ကို စမ်းသပ်နေပါတယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang...

ဗီယက်နမ်ကပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်း

စစ်သုံးပစ္စည်း တင်ပို့နိုင်ရေး စွမ်းရည်နှင့် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း မြှင့်တင်ရေးကြိုးပမ်းနေသည့် ဗီယက်နမ်နိုင်ငံသည် ကြာသပတေးနေ့(ဒီဇင်ဘာ ၁၉) တွင် မြို့တော်ဟနွိုင်၌ ပြုလုပ်မည့် နိုင်ငံတကာလက်နက်ပြပွဲတွင် ပြည်တွင်းလုပ်လက်နက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ပြခန်းပေါင်း ၂၅၀ နီးပါးတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ တူရကီနိုင်ငံတို့အပြင် အစ္စရေး၊ အီရန်၊ ရုရှားနှင့်...

အနောက်နိုင်ငံများက ရုရှားကိုရန်စကာ တုန့်ပြန်ရန်...

မော်စကို၊ဒီဇင်ဘာ ၁၇ အနောက်အုပ်စုက ရုရှားကို ရန်စကာ အန္တရာယ်မျဉ်းဆီသို့တွန်းပို့နေသဖြင့် မော်စကိုအနေဖြင့် တုန့်ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတကပြောကြားခဲ့သည်။ အနောက်အုပ်စုက ရုရှား သည် အန္တရာယ်ရှိသည် ဟုဆိုကာ မလိုအပ်ပဲ ၎င်းတို့၏ပြည်သူများကို အထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်နေပြီး ရုရှားအပါအဝင် ၎င်းတို့နှင့်အဆင်မပြေသည့်နိုင်ငံများကို ပေါင်းစပ်စစ်ပွဲများဆင်နွှဲကာ ထိန်းချုပ်ရေး မူဝါဒကို ဖေါ်ဆောင်နေသည်ဟုလည်းဆိုခဲ့သည်။ နေတိုးအဖွဲ့သည်...

အာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ...

ကမ္ဘာပတ်လမ်းကြောင်း ပိတ်ဆို့မှုဆိုင်ရာ ပြဿနာကြီးမားလာမှုကို ဖြေရှင်းရန် စမ်းသပ်နည်းလမ်းတစ်ခုအဖြစ် ပတ်လမ်းအတွင်းရှိ အပျက်အစီးအပိုင်းအစများကို လေဆာတပ်ဆင်ထားသော ဂြိုဟ်တုများသုံး၍ ဖယ်ရှားခြင်းကို ပူးတွဲလေ့လာရန် သဘောတူညီခဲ့သည်ဟု ဂျပန်နှင့် အိန္ဒိယ အာကာသကုမ္ပဏီသစ်များက ပြောကြားလိုက်သည်။ တိုကျိုအခြေစိုက် Orbital Lasers နှင့် အိန္ဒိယစက်ရုပ်ကုမ္ပဏီ InspeCity တို့က ၎င်းတို့အနေဖြင့် ဂြိုဟ်တုပျက်များက...

တရုတ်က ထရန်ဇစ်ဗီဇာကင်းလွတ်ခွင့်ကို ၁၀...

ပေကျင်း၊ဒီဇင်ဘာ ၁၇ တရုတ်က ပြည်ပခရီးသွားများပိုမိုဝင်ရောက်စေလိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံမှတစ်ဆင့် လေယာဉ် ပြောင်းစီးပါက (connection flight) ၁၀ ရက်အထိ ထရန်ဇစ်ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒကို အတည်ပြုချမှတ်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမက အဆိုပါသတင်းကို ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ၁၀ ရက်တာ (နာရီပေါင်း ၂၄၀) အထိတိုးမြှင့်ပေးလိုက်ကြောင်းလည်း ထည့်သွင်းကြေငြာခဲ့သည်။ ယခင်ကဥပဒေအရ...

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်းသို့ရောက် လာခြင်းသည် မကြာခဏဆိုသလို တင်းမာနေခဲ့သော ဆက်ဆံရေး ကို မြှင့်တင်ခြင်းပင် ဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက မှတ်ချက်ပြု ပြောကြားခဲ့သည်။ The USS Savannah သည်...

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းစသည့် အဓိကနယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ တနင်္လာနေ့တွင် ပြီးဆုံးခဲ့သော ထိုင်းဝန်ကြီးချုပ် ပေတုံတန်...

Tik Tok စီအီးအိုနှင့်...

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik Tok စီအီးအို Chew Shou Zi သည် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် Mar-a-Lago တွင်...

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ...

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို သူ၏ ကိုယ်ရေးအကြံပေးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်လိုက်သည်။ သူ၏ အာဆီယံဥက္ကဌအဖြစ် ခေါင်းဆောင်မှုအတွင်း သက်ဆင်၏ အခန်းကဏ္ဍသည် အဖွဲ့ဝင် ၁၀ နိုင်ငံမှ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!