Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeInternational

Category: International

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး...

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး ပျံ့နှံ့လောင်ကျွမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုအခါတွင် ဟက်တာ ၂၈၀၀၀ ကျော်အထိ လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောဆိုသည်။ တောမီးလောင်မှုများကို မီးသတ်ယာဉ် ၁၀၀ ကျော်၊ လေယာဉ် 25 စီးနှင့်အတူ မီးသတ်သမား ၄၀၀ ခန့်က ငြိမ်းသတ်နေသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။ လေတိုက်နှုန်း ကျသွားသောကြောင့် မီးရှိန်တည်ငြိမ်သွားပြီဖြစ်သည်ဟု စီရင်စုမီးသတ်အာဏာပိုင်အဖွဲ့ ဒုတိယအရာရှိချုပ် ဂယ်ရီကွတ်က သတင်းဌာနကို ပြောဆိုခဲ့သည်။ လူ ၃၃ ဦး‌ေ-သဆုံးကာ တူရကီနိုင်ငံအရွယ်အစားဧရိယာမျှ လောင်ကျွမ်းခံခဲ့ရသည့် ၂၀၁၉-၂၀၂၀ က “Black Summer” တောမီးဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက မီးလောင်ဖြစ်စဉ်နည်းပါးသော ရာသီများကိုဖြတ်သန်းခဲ့အပြီးတွင် ယခုနှစ်သြစတြေးလျ၏ နွေရာသီသည် အန္တရာယ်များသော တောမီးရာသီဖြစ်ကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။ Ref: အက်ဖ်အမ်တီ

၂၀၂၉ ခုနှစ် အာရှ...

ရီယတ်၊ အောက်တိုဘာ ၄ ဆော်ဒီအာရေးဗီးယားသည် ၂၀၂၉ ခုနှစ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို ၎င်း၏ အမေရိကန်ဒေါ်လာ ငါးရာ ဘီလီယံ ကုန်ကျခံတည်ဆောက်နေသော သဲကန္တရပေါ်ရှိ အနာဂတ်မြို့တော်ကြီး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့တွင် ရွေးချယ်ခံခဲ့ရသည်။ "ဆော်ဒီအာရေဗျရဲ့ သဲကန္တာရနဲ့ တောင်တန်းတွေဟာ မကြာခင်...

ဒုံးကျည်များမဆင်မခြင်ပစ်လွှတ်မှုအတွက် မြောက်ကိုရီးယားကိုအမေရိကရှုံ့ချပြီး တုံ့ပြန်မှုအတွက်သတိပေး

ဝါရှင်တန်၊အောက်တိုဘာ ၄ အမေရိကသည် မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည် ဂျပန်ကိုဖြတ်ပြီးပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပြုံယမ်း၏ လက်နက်များတိုးမြှင့်ထုတ်လုပ်သော ခြိမ်းခြောက်မှုအပါအဝင် မဆင်မခြင်လုပ်ရပ်များအားလုံးကိုပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။ “အမေရိကန်ပြည်ထောင်စုသည် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အန္တရာယ်ရှိသည့် မဆင်မခြင်ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါသည်” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် မစ္စ Adrienne Watson ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး ယခုတစ်ခေါက်မြောက်ကိုရီးယား၏ ပစ်လွှတ်မှုသည်တာဝေးပစ်အမျိုးအစားဖြစ်သည်ဟု ဝါရှင်တန်ကသုံးသပ်ကြောင်းပြောကြားခဲ့သည်။ “ယခုလုပ်ဆောင်ချက်သည် မတည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီး...

ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ နိုင်ငံ့ခေါင်းဆောင် ၉၀...

ကိုင်ရို၊အောက်တိုဘာ ၄ အီဂျစ်နိုင်ငံ၌နိုဝင်ဘာလတွင်ကျင်းပမည့် COP27 ရာသီဥတုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံ့ခေါင်းဆောင် ၉၀ ခန့်တက်ရောက်မည်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး ဖွင့်ပွဲတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာစွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲလောင်စာစွမ်းအင်သို့ကူပြောင်းမှု နှင့် စားနပ်ရိက္ခာဖူလုံမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အီဂျစ်အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၃ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။ “ကမ္ဘာတစ်ဝန်းကခေါင်းဆောင်တွေဆီကနေ အခုပွဲကိုတက်ရောက်ဖို့အတည်ပြုချက်တွေကိုလက်ခံရရှိထားပါတယ်၊နောက်ဆုံးရေတွက်မှုအရဆိုရင်တော့ နိုင်ငံ့ခေါင်းဆောင်ပေါင်း ၉၀ လောက်ထိရှိနေပြီး...

စစ်ပွဲကြောင့် ယူကရိန်းရှိ သဘာဝပတ်ဝန်းကျင်...

ဘရပ်ဆယ်၊ အောက်တိုဘာ ၄ ရုရှား-ယူကရိန်းအရေးအခင်းကြောင့် ယူကရိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမှာ ယူရို ၃၆ ဘီလီယံ (ကန်ဒေါ်လာ ၃၅ ဒသမ ၃ ဘီလီယံ) ဝန်းကျင်ခန့် ရှိကြောင်း ယူကရိန်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးက အောက်တိုဘာလ ၃ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုအရေးအခင်းကြောင့်...

စားနပ်ရိက္ခာအကျပ်အတည်းဖြေလျှော့ရန် နိုင်ငံပေါင်း ၂၀...

ရီယဒ်၊အောက်တိုဘာ ၄ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်ရန်အတွက် အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၂၀ အထိ အရေးပေါ်အကူအညီလိုအပ်နိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာလ ၃ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။ IMF မန်နေးဂျင်းဒါရိုက်တာ Kristalina Georgieva ကဆော်ဒီအာရေဗျ၌ပြုလုပ်သည့် ညီလာခံတစ်ခုတွင် အာရပ်ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၁၄၁ သန်းသည်...

မြောက်ကိုရီးယားသည် ဂျပန်ကိုဖြတ်ကျော်၍ ပဲ့ထိန်းဒုံးကျည်တစ်စင်း...

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကတို့ ကစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ၁၀ ရက်အတွင်း ၎င်း၏ ပဉ္စမအကြိမ်မြောက် စမ်းသပ်မှုအနေဖြင့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ပစ်လွှတ်ခဲ့သည်။ မြောက်ကိုရီးယားက ငါးနှစ်အတွင်း ၎င်း၏ပထမဆုံး နျူလက်နက်ကို စမ်းသပ်ရန် အဆင်သင့်ဖြစ်နေပြီဟူသော ခန့်မှန်းချက်များ...

ဂျပန်သည် ကနေဒါ၌အမိုးနီးယားနှင့်မီသနော စီမံချက်များကို...

တိုကျို၊အောက်တိုဘာ ၃ ဂျပန်ကုမ္ပဏီများသည် ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စိမ်းလန်းသောစွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များတည်ဆောက်ရန် ကြိုးပမ်းချက်တစ်ခုအဖြစ် အမိုးနီးယားနှင့်မီသနောထုတ်လုပ်ရန် ကနေဒါနိုင်ငံအယ်လ်ဘာတာပြည်နယ်၌ ရင်းနှီးမြှုပ်နှံဖို့ကြိုးပမ်းနေကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။ ကမ္ဘာကြီးသည်ရာသီဥတုကိုပြောင်းလဲစေသည့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန်ကြိုးပမ်းနေစဉ် ကနေဒါနိုင်ငံ၏ရေနံသဲများ တည်ရှိရာ အယ်လ်ဘာတာအား ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနှင့်ကာဗွန် သိုလှောင်မှုအတွက် အချက်အချာနေရာ ဖြစ်လာရန် ရည်မှန်းထားကြသည်။ ယင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျပန်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် (LNG)...

သုခဘုံငှက်ဥယျာဉ်သစ်အား ၂၀၂၃ ခုနှစ်တွင်...

စင်ကာပူ၊ အောက်တိုဘာ ၃ စင်ကာပူရှိ အာရှတိုက်၏ အကြီးဆုံး ငှက်ဥယျာဉ်ဖြစ်သည့် ဂျူရွန်ငှက်ဥယျာဉ်ကို ဇန်နဝါရီလ ၃ ရက်နေ့တွင် ပိတ်သိမ်းခဲ့ပြီးနောက် မန်ဒိုင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ သုခဘုံအမည်ရ ငှက်ဥယျာဉ်အသစ်ကို ၂၀၂၃ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဥယျာဉ််အသစ်တွင် အတွင်းသို့ ဝင်ရောက်လည်ပတ်ကာ...

ရေမှတဆင့်ကူးစက်သည့်ရောဂါများ ပြန့်ပွားနေသဖြင့် ပါကစ္စတန်ဆေးရုံ၌လူနာများပြည့်နေ

ဆယ်ဟွမ်၊အောက်တိုဘာ ၃ ပါကစ္စတန်တောင်ပိုင်း ဆယ်ဟွမ်မြို့ရှိ အစိုးရဆေးရုံ၏ အရေးပေါ်ဌာန၌ လူနာများပြည့်လျှံနေကာ ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားပြီးနောက် ရေကြီးမှု၏နောက်ဆက်တွဲဖြစ်သည့် ငှက်ဖျားရောဂါနှင့်အခြားဖျားနာမှုများကြောင့် ရာနှင့်ချီသောလူများသည် ဆေးရုံ၏အခန်းများနှင့် စင်္ကြံလျှောက်လမ်းများတွင်ပါ ပြည့်ကျပ်နေပြီး ကုသမှုခံယူရန်စောင့်ဆိုင်းနေကြသည်။ "ကျွန်တော်တို့အနေနဲ့ အရင်ထက်ပိုအလုပ်များလာပါတယ်၊ကိုယ့်ဘာသာဗိုင်းခနဲပဲလဲကျတော့မလိုလို၊အကြောဆေးပဲပြေးသွင်းရတော့မလိုလိုတောင်ခံစားရပါတယ်" ဟု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Ahmed က ဆေးရုံကန်တင်း၌‌ခေတ္တအနားယူစဉ်ပြောကြားခဲ့သည်။ "ဒါပေမဲ့အဲ့ဒီလူနာတွေရဲ့ ဆုတောင်းမေတ္တာတွေ၊သူတို့ပေးတဲ့ခွန်အားတွေနဲ့ပဲ ကျွန်တော်တို့ဆက်လျှောက်နေရတာပါ"...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!