Saturday, December 21, 2024

စားအုန်းဆီကို သတ်မှတ်နှုန်းထားထက် ဈေးတင်ပြီး မရောင်းချရန်...

စားအုန်းဆီကို ရည်ညွှန်းဈေးထက် (၂) ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချရန်နှင့် ဝေးလံသောဒေသများတွင် အဆင့်ဆင့်အမြတ်တင်မှု (၁၀) ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို...

ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို...

ထိုင်းနိုင်ငံမှ စမ်းသပ်စိုက်ပျိုးထားသည့် ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ “ပိတ်ရက်ဆို လူပိုများပါတယ်။ နေ့စဉ် လူရာနဲ့ချီ...

ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး...

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက က‌ပြောသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ...
HomeInternational

Category: International

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့်...

အိန္ဒိယက ပြုံယမ်း၌ သံရုံးပြန်လည်ဖွင့်လှစ်

ပြုံယမ်း၊ဒီဇင်ဘာ ၂၀ အိန္ဒိယသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကိုစောင့်ကြည့်ရန်နှင့် ဒေသတွင်းလုံခြုံရေး အကျိုးစီးပွားများအပါအဝင်...

ဂျာမနီတွင်လူအုပ်အတွင်း ကားနှင့်ဝင်တို-က်, လူနှစ်ဦးထက်မနည်း ‌ေ-သဆုံး

ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်း‌ေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။ သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။ “မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ‌ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်” ဟု Scholz က X ပေါ်တွင် ရေးသားခဲ့သည်။ သံသယရှိသူသည် အသက် ၅၀ အရွယ် ဆော်ဒီအမျိုးသား ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာခဲ့သူဖြစ်ကြောင်း Saxony-Anhalt ပြည်နယ် ပြည်ထဲရေးဝန်ကြီး Tamara Zieschang က ပြောဆိုသည်။ သံသယရှိသူသည် ယခင်က ပြစ်မှုမှတ်တမ်းရှိမထားဟု ဆိုသည်။ ‌ေ-သဆုံးခဲ့သူများတွင် တစ်ဦးသည် ကလေ-းငယ်ဖြစ်ပြီး နောက်တစ်ဦးသည် အရွယ်ရောက်ပြီးသူဖြစ်သည်ဟု အခြားပြည်နယ်အစိုးရအရာရှိတစ်ဦးဖြစ်သည့် Premier Reiner Haseloff က ပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူ ထပ်ရှိလာနိုင်သလားဆိုသည်ကိုမူ သူ့အနေဖြင့် မပြောနိုင်သေးကြောင်းလည်း ဆက်လက် ပြောဆိုခဲ့သည်။ Ref: အယ်ဂျာဇီးယား

အစ္စရေးကိုပါလက်စတိုင်းကဒုံးပျံများဖြင့်ပစ်ခတ်

အစ္စရေးကိုပါလက်စတိုင်းကဒုံးပျံများဖြင့်ပစ်ခတ် ဂါဇာ၊ သြဂုတ် ၅ ရ က် ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်လှုပ်ရှားမှု၏ အကြီးတန်းတပ်မှူးတစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ဩဂုတ်လ ၅ ရက် သောကြာနေ့တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးပျံအများအပြားဖြင့်...

ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်ကပေလိုစီအားဒဏ်ခတ်ပိတ်ဆို့

ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်ကပေလိုစီအားဒဏ်ခတ်ပိတ်ဆို့ တရုတ်နိုင်ငံသည် ယခုတစ်ပတ်အစောပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ‌ပေလိုစီလာရောက်ပြီးနောက် သူနှင့်သူ၏မိသားစုအပေါ် သတ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ပေလိုစီသည် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုကာခရီးစဉ်ကိုနောက်မဆုတ်ဘဲ တရုတ်၏သတိ‌‌ပေးမှုကိုပြတ်ပြတ်သားသားဆန့်ကျင်ခဲ့သည်ဟု‌ သောကြာနေ့ကထုတ်ပြန်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ တရုတ်ကလည်းထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် တောင်းဆိုထားပြီး ထိုင်ဝမ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုရန်ဆန့်ကျင်ခဲ့သည်။ပေလိုစီအပေါ် ပိတ်ဆို့အရေးယူမှုများ၏အသေးစိတ်များကို ထုတ်ပြန်ခြင်းမရှိသော်လည်း ယခုလိုလုပ်ခြင်းသည်...

တရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရန်ကတိပြု

တရုတ်-အာဆီယံ ဆက်ဆံရေးခိုင်မာစေရန်ကတိပြု ဖနွမ်းပင်၊ဩဂုတ် ၅ အာဆီယံ-တရုတ် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် တရုတ်နှင့်အာဆီယံအသိုင်းအဝိုင်းတို့သည် ဆက်ဆံရေးခိုင်မာစေရန် ကတိပြုခဲ့ကြပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်လည်းတောင်းဆိုခဲ့ကြသည်။ အာဆီယံအစည်းအဝေးများမှ တားမြစ်ခြင်းခံထားရသော မြန်မာနိုင်ငံကိုယ်စား ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရပ်ဆွန်ခွန်း နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ကြသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နှင့်အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပုံကို ဝမ်ကအဖွင့်အမှာစကားတွင်...

အမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ

အမေရိကတွင် မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေကြေညာ အမေရိကန်ပြည်ထောင်စု၌ မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ဗုဒ္ဓဟူးနေ့အထိ အမေရိကန်၏မျောက်ကျောက်ဖြစ်ပွားမှုသည် စုစုပေါင်းအရေအတွက် ၆,၆၀၀ ရှိပြီဖြစ်သည်။ "ကျွန်တော်တို့အနေနဲ့ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ နောက်တစ်ဆင့်တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီး အမေရိကန်နိုင်ငံသားတိုင်းကိုလည်း မျောက်ကျောက်ရောဂါကို ပေါ့ပျက်ပျက်မလုပ်ဖို့ တိုက်တွန်းလိုပါတယ်" ဟုကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုဝန်ကြီး Xavier Becerra...

ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကြောင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်း၊...

ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုကြောင့် လေယာဉ်ခရီးစဉ်အချို့ဖျက်သိမ်း၊ အချို့လမ်းကြောင်းပြောင်း ဆိုးလ်၊ဩဂုတ် ၅ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်မှ စတင်ခဲ့သော တရုတ်၏စစ်ရေးလေ့ကျင့်မှုကြောင့် လေကြောင်းလိုင်းအများစု ယာယီဖျက်သိမ်းခဲ့ရပြီး အချို့ကို‌လေ့ကျင့်ရေးနေရာနားရှိ‌ ဝေဟင်ပိုင်နက်ကိုရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်းပျံသန်းခဲ့ရကြောင်း သိရှိရသည်။ ထိုင်ဝမ်ရေလက်ကြားရှိ တရုတ်၏အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု၌ ကြာသပတေးနေ့တွင် လေယာဉ်အမြောက်အမြားကိုဖြန့်ကြက်ခဲ့ပြီး ထိုင်ဝမ်အနီးတွင်ဒုံးကျည်များလည်းပစ်ခတ်ခဲ့သည်။ယခုလေ့ကျင့်မှုကို မူလကကြေငြာထားသည့်အတိုင်း ကြာသပတေးနေ့မှတနင်္ဂနွေနေ့‌ ဒေသစံတော်ချိန်မွန်းတည့်သည်အထိ လေးရက်ကြာပြုလုပ်သွားမည်ဟုသိရှိရသည်။ လေ့ကျင့်သည့်ဧရိယာပမာဏ...

ပေလိုစီက ထိုင်ဝမ်အား ချီးကျူးဂုဏ်ပြု၊အာရှခရီးစဉ်သည်...

ပေလိုစီက ထိုင်ဝမ်အား ချီးကျူးဂုဏ်ပြု၊အာရှခရီးစဉ်သည် ဒေသတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် မဟုတ်ဟုဆို တိုကျို၊ ဩဂုတ် ၅ ရက် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီက ဩဂုတ်လ ၅ ရက် သောကြာနေ့တွင် ထိုင်ဝမ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး တရုတ်အား ဒေါသ ပြင်းပြင်းထန်ထန် ထွက်စေခဲ့သည့် ၎င်း၏ အာရှတလွှားခရီးစဉ်သည်...

ရုရှားကအမေရိကန်ဘတ်စကက်‌ ဘောကစားသမား ကို...

ရုရှားကအမေရိကန်ဘတ်စကက်‌ ဘောကစားသမား ကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ် ခမ်ကီ၊ ဩဂုတ် ၄ ရက် ရုရှားတရားရုံးတစ်ခုက အမေရိကန်ဘတ်စကက်ဘော ကစားသမား ဘရစ်တနီ ဂရင်နာ အား မူးယစ်ဆေးဝါးမှောင်ခိုကူးမှုဖြင့် သြဂုတ် ၄ ရက် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၉...

စင်ကာပူတွင် အမြင့်ဆုံး အဆောက်အအုံ...

စင်ကာပူတွင် အမြင့်ဆုံး အဆောက်အအုံ Alibaba တည်ဆောက်မည် တရုတ်အင်တာနက်ကုမ္ပဏီကြီးဖြစ်သော Alibaba နှင့် စင်ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည့် Perennial Holdings တို့ဦးဆောင်သောအဖွဲ့သည် စင်ကာပူနိုင်ငံတွင် အမြင့်မားဆုံးဖြစ်လာမည့် မိုးမျှော်တိုက်ကြီးတစ်ခုကို တည်ဆောက်ကြတော့မည်ဖြစ်သည်။ ယင်းအထပ်မြင့် အဆောက်အအုံကြီးကို စင်ကာပူနိုင်ငံ Central Business District ရှိ Shenton Way...

လကမ္ဘာ လေ့လာသည့် မောင်းသူမဲ့...

လကမ္ဘာ လေ့လာသည့် မောင်းသူမဲ့ အာကာသယာဉ်အား တောင်ကိုရီးယားလွှတ်တင် ဆိုးလ်၊ ဩဂုတ် ၅ ရက် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး လကမ္ဘာအား လေ့လာသည့် အာကာသယာဉ်ကို တစ်နှစ်တာ မစ်ရှင်အဖြစ် အမေရိကမှ ဩဂုတ်လ ၄ ရက် ကြာဿပတေးနေ့တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ Danuri ဟု အမည်ပေးထားသော အဆိုပါ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!