Friday, November 15, 2024

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း...

ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှု တာချီလိတ်မြို့နယ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...

မိုဘိုင်းဖုန်းဖြင့် လိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန် မူဝါဒများချမှတ်သွားမည်ဟုဆို

နည်းပညာအသုံးပြု၍ မိုဘိုင်းဖုန်းဖြင့် ငွေကြေးလိ-မ်လည်မှုဖြစ်စဉ်များကို ကြပ်မတ်ထိန်းကျောင်းနိုင်ရန် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကပြောသည်။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိ-မ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန်...

မဟာအောင်‌မြေမြို့နယ်ရှိ KTV တစ်ခုတွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်‌မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ (၅၂)လမ်း၊ သိပ္ပံလမ်းထောင့်တွင် ဖွင့်လှစ်ထားသော KTV တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေခံ...
HomeInternational

Category: International

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့်...

တရုတ်-ဂျပန် ပညာရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ တိုကျို၌ကျင်းပပြုလုပ်

တိုကျို၊နိုဝင်ဘာ ၁၃ ဒဿမ ကြိမ်မြောက် တရုတ်-ဂျပန် ပညာရေးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုညီလာခံကို တိုကျိုမြို့၌ကျင်းပခဲ့ပြီး တက္ကသိုလ်နှင့်ကျောင်းပေါင်း...

ထိုင်းရောက် အစ္စရေးနိုင်ငံသားများ သတိရှိရှိနေထိုင်ကြရန် တိုက်တွန်း

ထိုင်းနိုင်ငံရှိ အစ္စရေးနိုင်ငံသားအနေဖြင့် လာမည့်သောကြာနေ့တွင် ကျရောက်မည့် ကော့ဖငံ လပြည့်ပွဲတော်ကာလအတွင်း ပစ်မှတ်ထားခံရနိုင်သည့် သတင်းများထွက်ပေါ်နေမှုကြောင့် သတိရှိရှိ နေထိုင်ကြရန် အစ္စရေးအာဏာပိုင်များက အကြံပြုခဲ့သည်ဟု တိုင်မ်းစ် အော့ဖ်ဖ့်အစ္စရေး သတင်းဌာနက သတင်းဖော်ပြသည်။ နိုင်ငံတွင်းရှိ အစ္စရေးနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်နိုင်သည့် အကြံအစည်အတွက် စိုးရိမ်ရသည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ဌာနတွင်း သတိပေး စာရွက်စာတမ်းများ အစီရင်ခံချက်ထွက်ပေါ်လာပြီးနောက် မော့ဆက်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အထူးအားဖြင့် နာမည်ကျော်ကြားသော လအလိုက်ပွဲတော်တစ်ခုဖြစ်သည့် လပြည့်ပွဲတော်အခမ်းအနားကို အဓိက သတိပေးခြင်းဖြစ်သည်ဟု ဟီဘရူးဘာသာစကားသုံးသတင်းစာ Yedioth Ahronoth ၏ အွန်လိုင်းဌာန Ynet ပြောကြားခဲ့သည်။ ကော့ဖငံနှင့် ယင်း၏ ပွဲအခမ်းအနားများသည် အစ္စရေးလူငယ်များအကြား အလွန်ရေပန်းစားသည်။ Ynet ၏ အဆိုအရ ခိုင်မာသော သတင်းအချက်အလက်များကို အခြေခံသည့် သတိပေးချက်များနှင့် ပတ်သက်၍ ထိုင်းရဲများသည် မကြာသေးမီရက်များအတွင်း ပြင်းထန်သော စစ်ဆင်ရေးများ ကိုလုပ်ဆောင်နေခဲ့သည်ဟု သိရသည်။ အစီရင်ခံချက်ကို အရေးယူ ဆောင်ရွက်သည့်အနေဖြင့် အစ္စရေးလုံခြုံရေးဌာနများသည် ထိုင်းလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံအတွင်း ဖြစ်ရပ်များကို ဟန့်တားရန် ဆောင်ရွက်ခဲ့သည်ဟု မော့ဆက်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့က ပြောဆိုခဲ့သည်။ အောက်တိုဘာ ၇ ရက်နှင့် ဂါဇာစစ်ပွဲနောက်ပိုင်းမှစ၍ အီရန်နှင့် ၎င်း၏ လက်ဝေခံများသည် ကမ္ဘာတစ်ဝန်းရှိ အစ္စရေးနှင့် ဂျူး ပစ်မှတ်များကို အန္တရာယ်ပြုရန်ကြိုးပမ်းမှု အရှိန်မြင့်လာခဲ့သည်ဟု ယင်းအဖွဲ့များက ပြောဆိုသည်။ Ref: ဘန်ကောက်ပို့စ်

အောင်ပွဲရထရမ့်ထံ သမ္မတရှီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အောင်ပွဲရခဲ့သော ဒေါ်နယ်ထရမ့်ထံ တရုတ်သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ "တည်ငြိမ်ကျန်းမာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ မျှော်မှန်းချက်နှင့်အညီဖြစ်သည်" ဟု ရှီက ၎င်း၏သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။ နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကို အကျိုးရှိစေရန်အတွက်...

ဘိုင်ဒင်နှင့်ကင်မ်မလာတို့ ထရမ့်ပ်ကို ဂုဏ်ပြုစကားဆိုခဲ့ကြ

ဝါရှင်တန်၊နိုဝင်ဘာ ၆ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်သကဲ့သို့ လက်ရှိ အမေရိက၏ ဒုတိယ သမ္မတလည်းဖြစ်သည့် ကင်မ်လာဟားရစ်က ရီပတ်ဘလစ်ကန်ပါတီ၏ အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့သည်ဟုသိရသည်။ အလားတူပင် ဒီမိုကရက်တစ်၏လက်ရှိသမ္မတဖြစ်သည့် ဂျိုးဘိုင်ဒင်ကလည်း အနိုင်ရသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟုသိရသည်။ ဆက်လက်၍ သမ္မတဘိုင်ဒင်က ရာထူးလွှဲပြောင်းမည့်ကာလအထိ ချောချောမွေ့မွေ့ပြီးဆုံးစေရန် ကတိပြုပြောကြားခဲ့ပြီး နိုင်ငံတိုးတက်ရေးအတွက် အတူတူလက်တွဲဆောင်ရွက်ဖို့အရေးကြီးသည်ဟုလည်း...

ထရမ့်ပ် အနိုင်ရမှုအပေါ် ကမ္ဘာ၏...

ရီပတ်ဗလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်သည် အိမ်ဖြူတော်အတွက် အနိုင်ရရန်လိုအပ်သော မဲအရေအတွက် ၂၇၀ ကို ရရှိသွားပြီဆိုသည့် တွက်ချက်ဖော်ပြမှုများဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် တကျော့ပြန် အနိုင်ရခဲ့သည်မှာအံ့မခန်းဖြစ်သည်။ နောက်ဆုံးရလဒ်များ ထွက်မလာမီ ဖလော်ရီဒါရှိ ဝက်စ်ပမ်းဘိခ်ျ တွင် အောင်ပွဲခံမိန့်ခွန်း ပြောခဲ့ရာ၌ အမေရိကန်ပြည်ထောင်စုကို ရွှေရောင်ခေတ်တစ်ခု ဆောင်ကျဉ်းပေးမည်ဟု ထရမ့်ပ်က...

ကန်အစိုးရသစ်နှင့်ပြည့်စုံသောလုံခြုံရေးမိတ်ဖက်တည်ဆောက်မည်–ဆိုးလ်

အမေရိကန် အစိုးရသစ်နှင့် ပြီးပြည့်စုံသော လုံခြုံရေးမိတ်ဖက်ဆက်ဆံမှု ကို တည်ဆောက်သွားမည်ဟု တောင်ကိုရီးယားသမ္မတရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ သမ္မတ ယွန်းဆွတ်ယိုးလ်သည် လာမည့်ရက်များအတွင်း ရွေးကောက်ခံအမေရိကန်သမ္မတနှင့် ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟုသမ္မတရုံးအဆင့်မြင့်အရာရှိတစ်ဦးကသတင်းထောက်များကိုပြောကြားခဲ့သည်။ ဆိုးလ်သည် ဒေသတွင်းရှိ အမေရိက၏ ခိုင်မာသော မဟာမိတ်နိုင်ငံဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားကို ဟန့်တားရန် ကြိုးပမ်းမှု ၏တစ်စိတ်တစ်ဒေသအဖြစ် တောင်ကိုရီးယားတွင်...

နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ...

ပြည်တွင်း နိုင်ငံရေးနှင့် အစ္စရေး၏ ဂါဇာစစ်ပွဲ အစီအမံများနှင့် ပတ်သက်၍ လအတန်ကြာ သဘောကွဲလွဲမှုများဖြစ်ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။ အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုတွင် နေတန်ယာဟုက “ကျွန်တော်နဲ့ ကာကွယ်ရေးဝန်ကြီးအကြား ယုံကြည်မှု အက်ကြောင်းရှိခဲ့ပါတယ်” ဟု ပြောဆိုကြားခဲ့သည်။ လက်ရှိ...

ဂျပန်၌ မောင်းသူမဲ့ဘတ်စ်ကားများကိုစမ်းသပ်ပြေးဆွဲမည်

တိုကျို၊နိုဝင်ဘာ ၆ ဂျပန်နိုင်ငံ၌ အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားများအတွက် ယာဉ်မောင်းရှားပါးမှုအခက်အခဲကို ဖြေရှင်းရန်ရည်ရွယ်ချက်ဖြင့် မြို့တော်၏ နယ်မြေသုံးခု၌ မောင်းသူမဲ့ဘတ်စ်ကားများကို စတင်စမ်းသပ်ပြေးဆွဲတော့မည်ဟုသိရသည်။ အဆိုပါစမ်းသပ်ပြေးဆွဲမှုကို ဆူဂိနမိမြို့ရှိ အိုဂိခုဘိုဘက်စ်ကားဂိတ်၊ တမ မြို့ရှိ တမ ဘက်စ်ကားဂိတ်နှင့် မိဇုဟိုမြို့ရှိ ဟခိုးနဲဂဆခိ ကားဂိတ်တို့မှ စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ပြီး စမ်းသပ်မှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာမှ ၂၀၂၅...

အစ္စရေးဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတ...

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ပြင်သစ်သမ္မတ အီမန်နျူယယ်မိုက်ခရွန်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များက ထရမ့်၏ 'သမိုင်းဝင်တစ်ကျော့ပြန်ပြန်လာခြင်း' အတွက် ချီးကျူးဂုဏ်ပြုကြသည်။ နေတန်ယာဟုက X တွင် ၎င်း၏ဂုဏ်ပြုလွှာကို မျှဝေခဲ့ပြီး "ချစ်ခင်ရပါသော ဒေါ်နယ်နှင့် မယ်လီနီယာထရမ့်၊ သမိုင်း၏အကြီးကျယ်ဆုံးပြန်လည်ရောက်ရှိလာခြင်းအတွက် ဂုဏ်ယူပါသည်။ အိမ်ဖြူတော်သို့ သင်၏သမိုင်းဝင်ပြန်လာခြင်းသည် အမေရိကအတွက် အစပြုခြင်းအသစ်နှင့်...

အမေရိကန်သမ္မတရွေးကောက်ပွဲ ထရမ့်ပ်အနိုင်ရပြီဟု‌ Fox...

ထွက်ပေါ်လာသော မဲရလဒ်များအရ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်းထရမ့်ပ်က ဒုတိယ သမ္မတ ကမ်မလာဟဲရစ်ကို အနိုင်ရသွားပြီဟု Fox News သတင်းဌာနက သုံးသပ်ဖော်ပြခဲ့ပြီး မကြုံစဖူး အလှည့်အပြောင်းများနှင့် ပြည့်နှက်နေသော သမိုင်းဝင်ရွေးကောက်ပွဲအပြီးတွင် အိမ်ဖြူတော်အတွက် ဒုတိယမြောက် သမ္မတသက်တမ်းကို အောင်ပွဲခံခဲ့ပြီဟု ဆိုသည်။ ထရမ့်ပ်သည် ၁၈၉၂ ခုနှစ်က Grover...

ဂါဇာရှိကျောင်းသားများက ပြည်ပ၌ပညာသင်ယူခွင့်ပြန်ရရေး ဆန္ဒထုတ်ဖော်

ဂါဇာ၊နိုဝင်ဘာ ၅ ဂါဇာ၌‌သောင်တင်နေသည့် ဒါဇင်နှင့်ချီသောပါလက်စတိုင်းကျောင်းသားများက ၎င်းတို့ကို ဒေသမှထွက်ခွာခွင့်ပြုရန်နှင့် နိုင်ငံခြား၌ ဆက်လက်ပညာယူသင်ခွင့်ရရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရသည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပိတ်ဆို့ခံထားရမှုများကြောင့် ပြင်ပသို့သွားရောက်ကာ ဆက်လက်ပညာသင်ကြားခွင့်ရရေးနှင့် ပြည်ပကျောင်းလျှောက်ထားခွင့်များကို ၁၃ လကြာပိတ်ထားခဲ့သဖြင့် ပြန်လည် ခွင့်ပြုပေးရန် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ “လက်ရှိဖြစ်နေတဲ့စစ်က ကျွန်တော်တို့ဘဝတွေရဲ့တက်လမ်းတွေကို ပိတ်စေပါတယ်၊ကျောင်းဆက်တက်ဖို့အတွက် အခုထိစောင့်နေရတုန်းပါပဲ” ဟု ယူကရိန်း၌ဆေးကျောင်းတက်နေပြီး...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!