နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ် ၅/၂၀၂၃ ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒု-ဥက္ကဋ္ဌ တို့အဖြစ်တာဝန်ယူခဲ့ကြောင်း သိရသည်။ ထို့ပြင် အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့အား တာဝန်ပေးအပ်ခဲ့သည်။ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နစက ၏အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဝိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ပူဂင့်ကမ်းလျန်၊ ဦးမောင်ကို၊ ဒေါက် တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်ဦးရန်ကျော်တို့ပါဝင်ကြောင်း သိရသည်။ မန္တ​လေးတိုင်းဝန်ကြီးချုပ်​နှင့်နိုင်ငံခြား​ရေးဝန်ကြီးဌာနပြည်​ထောင်စုဝန်ကြီးတို့က ​ကောင်စီအဖွဲ့ဝင်ဖြစ်လာခဲ့သည်။