သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)

ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းတို့ကိုဖန်တီးနိုင်စွမ်းရှိတဲ့ DALL-E “DALL-E”ဆိုတဲ့နာမည်ဟာ စပိန်အနုပညာရှင် Salvador Dail နဲ့ ကာတွန်းစက်ရုပ်ဇာတ်ကောင်ဖြစ်တဲ့ WALL-E ဆိုတဲ့နာမည်တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ DALL-E ဆိုတာ စာသားနဲ့ရေးသားဖော်ပြထားတာတွေကို ပုံရိပ်တွေအဖြစ်ပြန်ပြီးထုတ်ပေးနိုင်တဲ့ OpenAI က တီထွင်ထားတဲ့ Neural Network  (အာရုံကြောကွန်ရက်စနစ်) တစ်မျိုးပဲ ဖြစ်ပါတယ်။  DALL-E က ကိုယ်လိုချင်တဲ့ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းပုံတွေကို စာသားနဲ့ရေးသားခိုင်းစေလိုက်တာနဲ့ ဒစ်ဂျစ်တယ်ပုံတွေကိုပြန်ပြီးဖန်တီးပေးနိုင်ပါတယ်။၂၀၂၁၊ ဇန်နဝါရီလမှာ OpenAI က DALL-E အကြောင်းကို ဘလော့ပို့စ်တစ်ခုမှာ ရေးသားခဲ့ဖူးပြီး ပုံတွေကိုဖန်တီးနိုင်ဖို့ GPT-3 ကိုသုံးထားကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ အရည်အသွေးမြင့်ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့ DALL-E 2 အကြောင်းကို OpenAI ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ … Continue reading သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)