သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း (၄)
ChatGPT ရဲ့အမိုက်စားအသုံးပြုနည်း ၁၀ မျိုး AI နည်းပညာတိုးတက်လာတာနဲ့အတူ လူသားတွေအနေနဲ့ နေ့စဉ်ဆောင်ရွက်နေရတဲ့လုပ်ငန်းနယ်ပယ်အသီးသီးမှာ နောက်ဆုံးပေါ် AI နည်းပညာကိုအသုံးပြုပြီး အကြံဉာဏ်ကောင်းတွေရယူလာနိုင်တာကြောင့် ယခင်ကထက်ပိုပြီး မိမိတို့ရဲ့လုပ်ငန်းတိုးတက်လာအောင် စွမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။ AI နည်းပညာသုံးဝဘ်ဆိုက်တွေနဲ့ Chatbot တွေများစွာရှိတဲ့အနက် ChatGPT ကတော့ လက်တလောမှာအရမ်းကိုလူကြိုက်များပြီးအသုံးတည့်နေတာကို တွေ့မြင်နိုင်ပါတယ်။ ChatGPT ကိုကွန်ပျူတာနဲ့ဖြစ်စေ၊ Mobile Phone နဲ့ဖြစ်စေ အလွယ်တကူအသုံးပြုနိုင်ပြီး ChatGPT ကိုသုံးကာအကျိုးကျေးဇူးရရှိနိုင်တဲ့နည်းလမ်းတွေများစွာရှိတဲ့အနက်က နေ့စဉ်ဘဝအတွက်အရမ်းကိုအထောက် အကူဖြစ်စေမည့် နည်းလမ်း ၁၀ မျိုးကို မျှဝေသွားပါမယ်။ (၁) ဟင်းချက်နည်းမေးနိုင်ခြင်း သင်ဟာ ဝါရင့်စားဖိုမှူးတစ်ဦးဖြစ်စေ၊ ဒါမှမဟုတ် ချက်ပြုတ်ရာမှာ အတွေ့အကြုံလုံးဝမရှိခဲ့ဖူးဘဲ အခုမှစတင်ချက်ပြုတ်မည့်သူတစ်ဦးပဲဖြစ်နေပါစေ တစ်ခါတစ်ရံမှာ ဘယ်လိုဟင်းမျိုးချက်ရင်ကောင်းမလဲ၊ ဘယ်ကနေဘယ်လိုစချက်ရမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းပျောက်နေတာမျိုး၊ ဒါမှမဟုတ် ကိုယ်ချက်ပြုတ်ချင်တဲ့ ဟင်းအမယ်နဲ့ပတ်သက်ပြီး ချက်နည်းမသိတာမျိုးတွေကို ကြုံဖူးကြပါလိမ့်မယ်။ ChatGPT … Continue reading သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း (၄)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed