တရားစီရင်ရေးတွင်အသုံးဝင်လာမည့် AI
ChatGPT(အပိုင်း ၆)
AI တွေကိုအသုံးပြုပြီး ယခင်ကဖြစ်ပျက်ခဲ့ဖူးတဲ့ အမှုအခင်းဖြစ်စဉ်တွေကိုဖတ်ခိုင်းတာ၊ စိစစ်ခိုင်းတာတွေကိုပြုလုပ်နိုင်တဲ့အပြင် ဘယ်လိုအမှုအခင်းဆိုရင် ဘယ်လိုစီရင်ထုံးတွေရှိခဲ့တယ်ဆိုတာတွေကို AI ကဖြေရှင်းပေးနိုင်စွမ်းရှိတာကြောင့် ရှေ့နေတွေအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် ရှေ့နေကိုယ်တိုင် တရားခွင်မှာလုပ်ဆောင်ရမည့် စစ်ဆေးမေးမြန်းတာတွေနဲ့ ငြင်းခုန်ရတာတွေစတဲ့အပိုင်းတွေကိုရော AI က အလိုအလျောက်ဖြေကြားပေးမှာလားလို့မေးစရာရှိလာပါတယ်။ တရားခွင်မှာအပြန်အလှန် ပြောကြားထားတဲ့စကားတွေကို AI ရဲ့ Deep Learning နည်းပညာအသုံးပြုပြီး အသေးစိတ် စိစစ်ပေးတာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။ မကြာသေးမီကပဲ အမေရိကန်မှာရှိတဲ့ တရားခွင်တစ်ခုမှာတော့ စီရင်ထုံးတစ်ခုချမှတ်ဖို့အတွက် ChatGPT ကိုအသုံးပြုခဲ့ပါတယ်။ အမှုဖြစ်စဉ်ကတော့ ကျန်းမာရေးအာမခံကုမ္ပဏီတစ်ခုက အော်တစ်ဇင်ကလေးငယ်များဆေးကုသမှုခံယူခွင့် ရသင့်လား/မရသင့်ဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးမှာသဘောထားကွဲလွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ တရားသူ ကြီးဖြစ်သူ Juan Manuel Padilla Garcia က အမှုနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းအရမေးခွန်းတင်သွင်းရာမှာ AI ကိုအသုံးပြုခဲ့ပြီး အမှုဆုံးဖြတ်ရာမှာလည်း AI ရဲ့ဆုံးဖြတ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။ … Continue reading တရားစီရင်ရေးတွင်အသုံးဝင်လာမည့် AI
ChatGPT(အပိုင်း ၆)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed