Wednesday, April 9, 2025

ငလျင်သင့်ဒေသများသို့ ကျပ်သိန်းပေါင်း တစ်ထောင်ခန့်နှင့် စားနပ်ရိက္ခာများ...

မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းသည် ငလျင်သင့်ဒေသများသို့ သွားရောက်၍ ကျပ်သိန်း တစ်ထောင်ခန့်နှင့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ကြောင်း သိရသည်။ စားနပ်ရိက္ခာများ ပေးအပ်လှူဒါန်းရာ၌ ဆန် (၆) ပြည်ပါ...

အမေရိကနှင့်ရုရှားအကာသယာဉ်မှူးများပါဝင်သော ဒုံးပျံကို ရုရှား လွှတ်တင်

နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်မည့် အမေရိကန် အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှားအာကာသယာဉ်မှူးနှစ်ဦးကို တင်ဆောင်သွားသော ရုရှား ဆိုယုဇ်ဒုံးပျံကို ကာဇက်စတန်ရှိ Baikonur လွှတ်တင်ရေးစခန်းမှ အင်္ဂါနေ့တွင်...

ကျိုင်းတုံ-‌‌တောင်ကြီးလမ်း စပါယ်ရှယ် တောင်အဆင်း ယာဉ်တစ်စီးချောက်အတွင်းကျ၊...

ရှမ်းပြည်အ‌ရှေ့ပိုင်း၊ ကျိုင်းတုံ-‌‌တောင်ကြီးလမ်း စပါယ်ရှယ်တောင်အဆင်းတွင် ယမန်နေ့ ည(၁၁)နာရီခွဲအချိန်က ယာဉ်တစ်စီးချောက်အတွင်းကျခဲ့ပြီး၊ ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ အမျိုး သား (၅)ဦးနှင့် အမျိုးသမီး (၂)ဦး...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား...

၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ(၉)ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့်...
HomeArticlesလူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့်...

လူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့် AI နည်းပညာ (အပိုင်း၇)

နောက်ဆိုရင် သင့်အနေနဲ့ မိတ်ဆွေသစ်တစ်ဦးနဲ့ဖြစ်စေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်သစ်တစ်ဦးဦးနဲ့ဖြစ်စေ Online ကနေ စကားပြောတဲ့အခါမှာ သင်နဲ့စကားပြောနေတဲ့သူဟာ တကယ့်လူ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို ထည့်သွင်းစဉ်းစားရပါတော့မယ်။

မသမာသူအချို့ဟာ အခုဆိုရင် Open AI ရဲ့ကုတ်တွေနဲ့ရေးထားတဲ့ Malware တွေကိုသုံးပြီး Online မှာ စကားပြောနေတဲ့သူဟာ မိန်းကလေးတစ်ဦးပါလို့ ယုံကြည်အောင် ဖန်တီးဖို့အတွက် စတင် စီစဉ်နေပြီလို့သိရပါတယ်။

ဆိုက်ဘာရာဇဝတ်သားတွေဟာ ဟက်ကင်းလုပ်နိုင်တဲ့ကိရိယာတွေကို မြန်မြန်ဆန်ဆန် တီထွင်ဖို့အတွက် Open AI ရဲ့ ဉာဏ်ရည်တု chatbot ChatGPT ကို စတင်အသုံးပြုနေကြပြီလို့လည်း ဆိုက်ဘာလုံခြုံရေးသုတေသီတွေက သတိပေးခဲ့ပါတယ်။

လိမ်လည်သူတွေဟာ chatbot တွေကို တကယ့်ပြင်ပမှာရှိတဲ့ မိန်းကလေးအသွင်အယောင်ဆောင်ခိုင်းပြီး လိမ်လည်ရာမှာအသုံးပြုဖို့ စီစဉ်နေကြပြီလို့ Hold Security လို့အမည်ရတဲ့ ဆိုက်ဘာစုံစမ်းထောက်လှမ်းရေးကုမ္ပဏီ တည်ထောင်သူဖြစ်တဲ့ Alex Holden က ဆိုပါတယ်။

ChatGPT ကိုစတင်မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒီ App ဟာ အသုံးပြုသူတွေကို စပိုင်လုပ်ထောက်လှမ်းနိုင်စွမ်းရှိပြီး ဗိုင်းရပ်လိုမျိုးအန္တရာယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကိုတောင် ရေးပေးနိုင်စွမ်းရှိကြောင်း သိသွားတဲ့နောက်မှာတော့ လူတွေရဲ့စိုးရိမ်မှုတွေဟာ ပိုပြီးမြင့်တက်လာခဲ့ပါ တယ်။

ဟက်ကာတစ်ဦးဟာ ChatGPT ကိုသုံးပြီး Android Malware တစ်ခုကိုရေးကာ ကွန်ရက်ပေါ်မှာ ပြန်ဖြန့်ခဲ့ပါတယ်။ အဲ့ဒီ Malware က ကွန်ပျူတာထဲမှာ အလိုအလျောက် Install လုပ်ပြီး ကွန်ပျူတာကိုလည်း ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်တယ်လို့ Check Point လို့အမည်ရတဲ့ အစ္စရေးလုံခြုံရေးကုမ္ပဏီကဆိုပါတယ်။

ဒါ့အပြင် မသမာသူတွေ၊ ရာဇဝတ်သားတွေအနေနဲ့လည်း Dark Web ဈေးကွက်မှာသုံးမည့် Code တွေကိုရေးဖို့အတွက် ChatGPT ကိုအလွဲသုံးစားအသုံးပြုလာနိုင်ပါတယ်။

ဉာဏ်ရည်တုနည်းပညာကို အထက်မှာဖော်ပြခဲ့သလိုမျိုးအလွဲသုံးစားလုပ်လာနိုင်တဲ့အန္တရာယ်တွေရှိလာတာနဲ့အတူ နည်းပညာနယ်ပယ်ထဲက ပညာရှင်တွေဟာ AI ဉာဏ်ရည်တုနည်းပညာ စမ်းသပ်မှုတွေကို ၆ လလောက်ရပ်ထားပေးဖို့တောင်းဆိုထားတဲ့ အိတ်ဖွင့်စာတစ်စောင်‌ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

စည်းကမ်းဥပဒေမဲ့ ဉာဏ်ရည်တုနည်းပညာကိုစမ်းသပ်အသုံးပြုခြင်းက လူသားမျိုးနွယ်တွေကို အကျိုးပြုစေတာထက် အန္တရာယ်တွေဆီကို မြန်မြန်ဆန်ဆန်တွန်းပို့နေသလိုဖြစ်နေပါတယ်။

AI ကို သုတေသနပြုလုပ်နေတဲ့ ကုမ္ပဏီတွေဟာ ဘယ်သူကမှ နားမလည်နိုင်၊ ကြိုတင်မခန့်မှန်းနိုင်၊ ထိန်းချုပ်လို့မရနိုင်တဲ့ ဒစ်ဂျစ်တယ်စိတ်တစ်မျိုးကို အပြိုင်အဆိုင်တီထွင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ပိတ်မိနေပြီဖြစ်ပါတယ်။

တကယ်လို့ ပညာရှင်တွေတောင်းဆိုထားတဲ့ ဉာဏ်ရည်တုစမ်းသပ်မှု ခေတ္တရပ်တန့်ထားရေးအဆိုကိုမြန်မြန်ဆန်ဆန်သာ မပြဌာန်းနိုင်ခဲ့ရင်တော့ အစိုးရတွေအနေနဲ့ တားဆီးဆိုင်းငံ့ထားသင့်ပါတယ်။

ပညာရှင်တွေတောင်းဆိုထားတဲ့ဒီစာဟာ အနာဂတ်မှာ လူသားတွေအတွက် ပျက်စီးမှုတွေရှိလာနိုင်တာကို သတိပေးနေတာဖြစ်တယ်လို့ NBC သတင်းဌာနကလည်းဆိုထားပါတယ်။ အိတ်ဖွင့်စာမှာ လက်မှတ်ရေးထိုးကြသူတွေထဲမှာ Space X နဲ့ Tesla CEO ဖြစ်သူ Elon Musk, Apple ပူးတွဲတည်ထောင်သူ Steve Wozniak, IBM ရဲ့ ပညာရှင် Grady Booch , Satbility AI ရဲ့ CEO ဖြစ်သူ Mostaque နဲ့ Tristan Harris အပြင် Stuart Russell လိုမျိုး စာပေနယ်ပယ်က ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဥာဏ်​ဝေ

Ref:
https://i-hls.com/archives/118762 and https://i-hls.com/archives/118811

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်သင့်ဒေသများသို့ ကျပ်သိန်းပေါင်း တစ်ထောင်ခန့်နှင့် စားနပ်ရိက္ခာများ လှူဒါန်းခဲ့သည့် မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း

မြန်မာပြည်လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းသည် ငလျင်သင့်ဒေသများသို့ သွားရောက်၍ ကျပ်သိန်း တစ်ထောင်ခန့်နှင့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ကြောင်း သိရသည်။ စားနပ်ရိက္ခာများ ပေးအပ်လှူဒါန်းရာ၌ ဆန် (၆) ပြည်ပါ အိတ်အရေအတွက် (၄၆၀)အိတ်၊ သောက်ရေသန့်ကတ် (၁,၀၀၀) ခန့်အပါအဝင် ခေါက်ဆွဲခြောက်၊ ကြက်ဥ နှင့် အဝတ်အထည်များ လှူဒါန်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ အဆိုပါ လှူဒါန်းမှုသည် ၎င်း၏ သူငယ်ချင်းမိတ်ဆွေများနှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် အမှန်တကယ်လိုအပ်နေသော ဒေသများသို့ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထွန်းထွန်းမင်းသည် ပြီးခဲ့သည့် နှစ်နိုင်ငံတစ်ဝန်း ရေကြီးရေလျံဖြစ်စဉ်ကလည်း ချန်ပီယံခါးပတ်ကို...

အမေရိကနှင့်ရုရှားအကာသယာဉ်မှူးများပါဝင်သော ဒုံးပျံကို ရုရှား လွှတ်တင်

နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်မည့် အမေရိကန် အာကာသယာဉ်မှူးတစ်ဦးနှင့် ရုရှားအာကာသယာဉ်မှူးနှစ်ဦးကို တင်ဆောင်သွားသော ရုရှား ဆိုယုဇ်ဒုံးပျံကို ကာဇက်စတန်ရှိ Baikonur လွှတ်တင်ရေးစခန်းမှ အင်္ဂါနေ့တွင် လွှတ်တင်ခဲ့သည်ဟု ရုရှားနိုင်ငံ၏ Roscosmos အာကာသအေဂျင်စီက ပြောကြားခဲ့သည်။ ဆိုယုဇ် MS-27 အာကာသယာဉ်သည် ရုရှားနိုင်ငံသား ဆာဂီ ရိုင်ဇီကော့ဗ် နှင့် အလက်စီ ဇူဘရစ်စကီနှင့် နာဆာအကာသယာဉ်မှူး ဂျိုနသန်ကင်မ်တို့ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် ဂရင်းနစ်စံတော်ချိန် ၀၉၀၄ နာရီတွင် နိုင်ငံတကာအာကာသစခန်းသို့ ဆိုက်ရောက်ရန် မျှော်လင့်ထားသည်။ အာကာသယာဉ်မှူးသုံးဦးသည် အာကာသစခန်းတွင် ၈ လကြာ နေထိုင်သွားရန်...

ကျိုင်းတုံ-‌‌တောင်ကြီးလမ်း စပါယ်ရှယ် တောင်အဆင်း ယာဉ်တစ်စီးချောက်အတွင်းကျ၊ ယာဉ်ပေါ်ပါ (၇)ဦး အသက်ဆုံးရှုံး

ရှမ်းပြည်အ‌ရှေ့ပိုင်း၊ ကျိုင်းတုံ-‌‌တောင်ကြီးလမ်း စပါယ်ရှယ်တောင်အဆင်းတွင် ယမန်နေ့ ည(၁၁)နာရီခွဲအချိန်က ယာဉ်တစ်စီးချောက်အတွင်းကျခဲ့ပြီး၊ ဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ အမျိုး သား (၅)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း(၇)ဦး နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ကြောင်း တိုင်းနေလူမှုကူညီအသင်းထံမှသိရသည်။ ယင်းဖြစ်စဉ်သည် ကျိုင်းတုံ-‌‌တောင်ကြီးလမ်း စပါယ်ရှယ် တောင်အဆင်း မိုင်တိုင်အမှတ် ၃၆၆/၆-၇ ကြား၌ (၆)ဘီးခရီး သည်တင် ယာဉ်တစ်စီးပေ (၅၀၀) ခန့်နက်သည့် ချောက်အတွင်းသို့ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။ "ယာဉ်ပေါ်မှာ ဆယ်ဦးပါလာတာ ခုနှစ်ဦးက ‌ေ-သဆုံးပြီး၊ သုံးဦးဒဏ် ရာရပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိရသေး ပါဘူး။ ချောက်ထဲကျသွားလို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071