အသက်ရှင်နိုင်ခြေနှုန်းကို ကြိုတင်ခန့်မှန်းပေးနိုင်မည့် AI မော်ဒယ်အသစ် အပိုင်း(၈)

ဗြိတိန်ကိုလံဘီယာတက္ကသိုလ်နှင့် BC ကင်ဆာဌာနမှ သုတေသီများသည် ယခင်နည်းလမ်းများနှင့်နှိုင်းယှဉ်ပါက အလွယ်တကူအဆင်သင့်ရယူနိုင်သောအချက်အလက်များကိုအသုံးပြုခြင်းဖြင့် ကင်ဆာလူနာတို့၏အသက်ရှင်နိုင်ခြေကို တိကျစွာကြိုတင်ခန့်မှန်းပေးနိုင်မည့် AI မော်ဒယ်အသစ်တစ်မျိုးကို ဖန်တီးခဲ့ကြသည်။ AI မော်ဒယ်အသစ်သည် လူနာတစ်ဦး၏ ကနဦးတိုင်ပင်ဆွေးနွေးမှုအပြီးတွင်ပြုလုပ်ခဲ့သော ကင်ဆာရောဂါဗေဒပညာရှင်၏ မှတ်ချက်များကို စစ်ဆေးရန်အတွက် လူသားဘာသာစကားကို နားလည်သော AI နယ်ပယ်တစ်ခုဖြစ်သည့် သဘာဝဘာသာစကားနည်းစနစ် Natural Language Processing (NLP) ကိုအသုံးပြုထားသည်။ အဆိုပါ AI မော်ဒယ်သည် လူနာတစ်ဦးချင်းစီ၏ ထူးခြားချက်များကို ဆန်းစစ်ပေးနိုင်စွမ်းရှိပြီး အသက်ရှင်သန်နိုင်ခြေ ၆ လ၊ ၃၆ လနှင့် လပေါင်း ၆၀ စသည်ဖြင့် ၈၀ ရာခိုင်နှုန်း ကျော်တိကျစွာ အဖြေထုတ်ခန့်မှန်းပေးနိုင်ပါသည်။ ကင်ဆာလူနာတို့၏ အသက်ရှင်နိုင်ခြေအားကြိုတင်ခန့်မှန်းပေးနိုင်ခြင်းသည် ကင်ဆာရောဂါ စောင့်ရှောက်မှုမြှင့်တင်ရေးအတွက်အသုံးပြုနိုင်သည့် အရေးကြီးသောအချက်တစ်ချက်ဖြစ်ကြောင်း BC ကင်ဆာဌာနနှင့် UBC စင်တာမှ … Continue reading အသက်ရှင်နိုင်ခြေနှုန်းကို ကြိုတင်ခန့်မှန်းပေးနိုင်မည့် AI မော်ဒယ်အသစ် အပိုင်း(၈)