ထိုင်းနိုင်ငံ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသွားသူ မြန်မာနိုင်ငံသား ၇ ဦးအနက် ၂ ဦး၏ ရုပ်အလောင်းများအား မီးသဂြိုလ်

0
152

ထိုင်းနိုင်ငံ၊စမုဆွန်ခါခရိုင်၊စမုဆွန်ခရာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၇ ဦးအနက် ၂ ဦး၏ရုပ်အလောင်းများအား ဇန်နဝါရီ ၂၁ ရက်က မီးသဂြိုလ်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သ မားသံအရာရှိရုံးမှ သိရသည်။

မီးသဂြိုလ်ရာသို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများသွားရောက်၍ သေ ဆုံးသူများ၏ မိသားစုဝင်များအား တွေ့ဆုံအား ပေးကာ သေဆုံးသူနှင့်နစ်နာကြေးလက်ခံရယူမည့် မိသားစုဝင်များ၏ အထောက်အထား အချက် အလက်များရယူခြင်း၊ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အလုပ်မဆင်းရသည့် အလုပ်သမားများအတွက် လစာ၏ ၇၅ ရာခိုင်နှုန်း ပေးအပ်ရန်ညှိနှိုင်းပေးခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရ၍ ဆေးရုံမှဆင်းလာသူ ၃ ဦးအတွက် ထောက်ပံ့ငွေ ဘတ် ၃၀၀၀ စီကိုလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြုပြင်ရန်ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော Smoosh Sea C22 အား ဇန်နဝါရီ ၁၇ ရက်က မြန်မာနိုင်ငံသားများပါဝင်သည့် အလုပ်သမား ၃၀ ဦးခန့်က ဆီပိုက်လိုင်းများဂဟေဆော်စဉ် ပိုက်လိုင်းများအတွင်းရှိဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသား ၇ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်းရှိခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၊အလုပ်သမားဝန်ကြီးဌာနမှ သေဆုံးသွားသည့် မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျင် နာရေးပြုလုပ်ရန် ဘတ် ၅၀၀၀၀၊ အ လုပ်ခွင်အတွင်းသေဆုံးမှုကြောင့် လူမှုဖူလုံရေးနစ်နာကြေး ဘတ် ၇၇၀၉၅၂ (စုစုပေါင်း ဘတ် ၈၂၀၉၅၂ )အား ၎င်းတို့၏ မိသားစုဝင်များထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရသည့် မြန်မာနိုင်ငံသားများကိုလည်း ဆေးရုံမှတ်တမ်းများအရ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအား နစ်နာကြေးအဖြစ် လုပ်အားခ ၁၀ နှစ်စာ၊အနည်းငယ်ထိခိုက်မိသူ များအား နစ်နာကြေးအဖြစ် လုပ်အားခ၏ ၇၀ ရာ ခိုင်နှုန်းအား ၁ နှစ်စာခံစားခွင့်ပြုခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ သံအမတ်ဦးသန်းထွေးမှလည်း သေဆုံးသွားခဲ့သည့် အလုပ်သမားများ၏ မိသားစုဝင်များကို သံ ရုံးအနေဖြင့် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၅၀၀၀ စီအား ဇန်နဝါရီ ၁၈ ရက်က ထောက်ပံ့ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here