ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ၁၁၇ နှစ်မြောက်အထိမ်း အမှတ်ပွဲတော်အား ၃ ရက်ကြာကျင်းပမည်

0
290

ရန်ကုန်မြို့ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ ၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော်အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၁၁၇ နှစ်မြောက် အထိမ်းအမှတ်ပွဲတော်၌ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ၊ပညာပေးပြခန်းများ၊တိရစ္ဆာန်လေးများ၏ဖျော်ဖြေမှုများ၊တိရစ္ဆာန်လေးများနှင့်ဓာတ်ပုံတွဲရိုက်နိုင်မည့်အစီ အစဉ်များ၊ဈေးရောင်းပွဲတော်၊ကလေးငယ်များအတွက် လက်ဆောင်ပစ္စည်းများချီးမြှင့်မည့်ဂိမ်းကစားပွဲများ၊တေးသီချင်းသီဆိုဖျော်ဖြေမှုများနှင့်အငြိမ့်ပွဲဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ၁၉၀၆ ခုနှစ်၊ဇန်န ဝါရီ ၂၅ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက်တွင် ၁၁၇ နှစ်ပြည့်ပြီဖြစ်ကာ တိရစ္ဆာန်ဥယျာဥ်အတွင်း၌ တိရစ္ဆာန်မျိုးစိတ် ၁၃၂ မျိုး၊တိရစ္ဆာန်ကောင်ရေ ၁၄၀၀ ခန့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here