ပြည်ပတွင် အလုပ်လုပ်ရန်မဟုတ်ဘဲ PJ နိုင်ငံကူးလက် မှတ်ကိုင်ဆောင်ရောက်ရှိနေသူများ သက်ဆိုင်ရာအမျိုးအစားသို့ ပြောင်းလဲလျှောက်ထားရန်လို

0
174

ပြည်ပနိုင်ငံများတွင် ကျွမ်းကျင်လုပ်သားအဖြစ်သွားရော က်အလုပ်လုပ်ကိုင်မည့်သူများနှင့် ပြည့်နိုင်ငံများတွင် အ လုပ်လုပ်ခွင့်ပါမစ် ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ် ၊ စီးပွား ရေး ပါမစ်ဖြင့် နေထိုင်ခွင့်ရသူများအနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး ယင်းနိုင်ငံများသို့ ပြန်လည်ထွ က်ခွာမည့်အချိန်တွင် OWIC ကတ် မဖြစ်မနေကိုင်ဆောင်ထားရမည် ဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ ပုဂ္ဂိုလ်များ အနေဖြင့် မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိပြီး ပြည်ပသို့ ပြန်လည်ထွက်ခွာမည့်အချိန်တွင် သက်တမ်းကုန်ဆုံးခြင်း ၊ ပျောက်ဆုံးခြင်းများ ရှိပါက အလုပ်သမားဝန်ကြီးဌာနသို့ တိုက်ရိုက်တင်ပြ လျှောက် ထားရမည်ဟုလည်း သိရသည်။

ယင်းကဲ့သို့ တင်ပြလာသူများအား အလုပ်သမား ဝန်ကြီး ဌာနက စိစစ်လျက် Overseas Worker Identification Card(OWIC)ကတ် များ ထုတ်ပေးလျက် ရှိကြောင်းလ ည်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်ကို ကိုရီးယားနိုင်ငံ ဆိုင် ရာ မြန်မာသံရုံးက အသိပေးကြေညာထားခြင်းဖြစ်ပြီး သ က်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ကိုရီးယားနိုင်‌ငံရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် ရည်ရွယ်၍ ထုတ်ပြန်ကြေညာထားခြင်းလည်း ဖြစ်သည်။

ထို့အပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်ရန်မဟုတ်ဘဲ ရောက်ရှိနေထိုင်သူများအနေဖြင့် သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပါက အခြားသက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်အမျိုးအစားများ ပြောင်းလဲလျှောက်ထားကြရန်လည်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။

ယင်းသို့ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်များ ပြောင်းလဲလျှောက်ထားရာတွင် ပညာသင်ကြားနေသူများဖြစ်ပါက (PE) အမျိုးအစား၊ နိုင်ငံခြားသားနှင့် လက်ထပ်၍ မှီခိုနေထိုင်သူဖြစ်ပါက (PT)အမျိုးအစားတို့သို့ ပြောင်းလဲလျှော က်ထားရန်လိုအပ်ကြောင်းလည်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

အဆိုပါ လျှောက်ထားချက်များအား မြန်မာသံရုံးအနေဖြ င့် စိစစ်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here