132 kV ဘီလူးချောင်း(၂)-တီကျစ် Double Circuit ဓာတ်အားလိုင်း၏ တိုင်အမှတ် ၁၁၅ တိမ်း စောင်းပျက်စီးသွား၍ ရန်ကုန်တိုင်းရှိ နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်

0
205

ဓားအားလိုင်းထိန်းသိမ်းပြုပြင်ချိန်တွင် ရန်ကုန် တိုင်းအတွင်းရှိ နေရာအချို့၌ ယာယီဓာတ်အားပြတ်တောက်နိုင်ကြောင်းအား ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရကော်ပိုရေးရှင်း(YESC)ကအသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသည့် 132 kV ဘီလူးချောင်း(၂)-တီကျစ် Double Circuit ဓာတ်အားလိုင်းသည် ဇန်န ဝါရီ ၂၁ ရက်ည ၁၀ နာရီ ၃၆ မိနစ်တွင် လိုင်းအပြစ်ဖြစ်ပွားခဲ့သည်ဟု YESC ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် လိုင်းအပြစ်ဖြစ်ပွားမှုအား လျှပ်စစ်ဝန်ထမ်းများက လိုက်လံစစ်ဆေးရာ တိုင်အမှတ် ၁၁၅ သည် တိမ်းစောင်းပျက်စီးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

တိမ်းစောင်းပျက်စီးမှုအား ဓာတ်အားလိုင်းထိန်း သိမ်းပြုပြင်ချိန်တွင် ဓာတ်အားစနစ်အတွင်းသို့ ဘီလူးချောင်းဓာတ်အားပေးစက်များမှ ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေမည်၍ ရန်ကုန်တိုင်း ၏ နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဟု YESC ကအသိပေးခဲ့သည်။

ဓာတ်အားပြတ်တောက်ချိန်၌ အရေးကြီးနေရာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here