အလင်းနှစ် ၉ ဘီလျံဝေးသည့် အာကာသတစ်နေရာမှ ရေဒီယိုအချက်ပြလှိုင်းကို အိန္ဒိယနိုင်ငံမှ ဖမ်းယူရရှိ

0
671

ကမ္ဘာမှ အလင်းနှစ် ၉ ဘီလျံခန့်ဝေးသည့် စကြဝဠာတွင်း အာကာသတစ်နေရာမှ ထုတ်လွှတ်လျှက်ရှိသော ရေဒီယိုအချက်ပြလှိုင်းများကို အိန္ဒိယနိုင်ငံရှိ မဟာရေဒီယိုတယ်လီစကုပ်စခန်းတစ်ခုမှ ဖမ်းယူရရှိကြောင်း သောကြာနေ့က သတင်းထုတ်ပြန်သည်။

ယင်းရေဒီယိုအချက်ပြသည် လှိုင်းအလျား ၂၁ စင်တီမီတာဝန်းကျင်ရှိသော တုန်နှုန်းမြင့်အချက်ပြလှိုင်းဖြစ်ပြီး၊ သာမန် ဟိုက်ဒရိုဂျင်အက်တမ်မှ ဖြာထွက်သည့် လှိုင်းမျိုးဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေဒီယိုအချက်ပြလှိုင်းနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ သုတေသီများ စတင်စုံစမ်းလေ့လာနေကြပြီဖြစ်သည်။

အလင်းအလျင်သည် တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆၀၀၀ ခန့်မြန်နှုန်းရှိသည်။

Ref: Radio signal from 9 billion light-years away from Earth captured


LEAVE A REPLY

Please enter your comment!
Please enter your name here