တောင်ကိုရီးယား၏ ပထမဆုံး လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသယာဉ်က ကမ္ဘာနှင့်လတို့၏ ဓာတ်ပုံများ စတင်ရိုက်ကူးပေးပို့

0
133

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် လကမ္ဘာ စူးစမ်းလေ့လာရေး အာကာသယာဉ် Korean Pathfinder Lunar Orbiterက ကမ္ဘာနှင့်လတို့၏ ထူးခြားသောဓာတ်ပုံများကို စတင်ရိုက်ကူးပေးပို့ပြီဖြစ်ကြောင်းသိရသည်။

ယင်းအာကာသယာဉ်မှ ရိုက်ကူးပေးပို့သော ကမ္ဘာနှင့် လကို အဖြူအမည်းဖြင့် ပြသထားသည့် ရင်သပ်ရှုမောဖွယ် ပုံရိပ်များကို ဓာတ်ပုံဆရာများ အထူးနှစ်သက်သဘောကျကြကြောင်းသိရသည်။ 

၂၀၂၂ ခုနှစ် သြဂုတ်အတွင်းက အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Cape Canaveral ဒုံးပျံလွှတ်စခန်းမှနေ၍ SpaceX Falcon 9 ဒုံးပျံဖြင့် လွှတ်တင်ခဲ့သော အဆိုပါ Korean Pathfinder Lunar Orbiter အာကာသယာဉ်သည် ယခုအခါတွင် လမျက်နှာပြင်အထက် အမြင့် ၆၂ မိုင် (၁၀၀ ကီလိုမီတာ) မှ ပျံသန်း၍ လကိုပတ်နေခြင်းဖြစ်ကြောင်းသိရသည်။

Ref: South Korea’s lunar probe captures stunning Earth, moon images


LEAVE A REPLY

Please enter your comment!
Please enter your name here