PDF အဖွဲ့ဝင်များကတိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၁၃ ရုံးအားဖျက်စီးခဲ့

0
128

PDF အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလမှယနေ့အထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲရုံး ၁၃ ရုံးနှင့်ရုံးသုံးပစ္စည်းများပျက်စီးခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

PDF အဖွဲ့ဝင်များသည် တိုင်းနှင့်ပြည်နယ်အသီး သီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအား မိုင်းထောင်ဖောက်ခွဲခြင်း၊လက်နက်ကြီး၊သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပင်လည်ဘူးမြို့ နယ်၊ ပုလောမြို့နယ်၊ ထီးလင်းမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဖရူဆိုမြို့နယ်၊ ထန်တလန်မြို့နယ်၊ တမူးခ ရိုင်နှင့်တမူးမြို့နယ်တို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ရုံးသုံးပစ္စည်းများပျက်စီးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်ကြပါရန်နှင့်ရရှိလာသည့် သ တင်းများအား လုံခြုံရေးအဖွဲ့ဝင်များထံ သတင်း ပေးပို့ကြပါရန် နစက ကမေတ္တာရပ်ခံထုတ်ပြန်ခဲ့သည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here