မြစ်ကြီးနားမြို့တွင် ခရီးသည်တင်ကားဖြင့်လိုက် ပါလာသည့် အမျိုးသမီး ၄ ဦးအား ဘိန်းစိမ်းများနှင့်အတူဖမ်းမိ

0
231

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည် မြစ်ကြီးနားမြို့၊ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နမ္မတီးမြို့ဘက်မှမြစ်ကြီးနားမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်လာသည့် ခရီးသည်များဖြစ်သော မနဒီခိုင်မင်း(၂၃)နှစ်၊ မမူခိုင်ခင်ဦး(၂၅)နှစ်၊ မမူဥမ္မာထွေး(၄၀)နှစ်နှင့်မမူညိုအေး(၂၃)နှစ်တို့ထံမှ ဘိန်းစိမ်း(၁၄ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အမျိုးသမီး ၄ ဦးအား မြစ်ကြီးနားနယ်မြေရဲစ ခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here