အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်ဘုရားဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
227

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်ရှိ အရိပ်မထွက်ဘုရားဝင်းအတွင်း၌ ဇန်နဝါရီ ၂၂ ရက်မွန်းတည့်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊ ၉ လမ်း၊ ၇၉ လမ်းနှင့်လမ်း ၈၀ ကြားရှိ အရိပ်မထွက်ဆုတောင်းပြည့်မြတ်စွာဘုရားဝင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

လက်ပစ်ဗုံးသည် ဘုရားဝင်းအတွင်းရှိ အုတ်ခုံပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဖြစ်စဥ်ကြောင့် ဘုရားဖူးလာသူများနှင့်အဆောက်အအုံးများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်က လက်ပစ်ဗုံးနဲ့လာပစ်သွားတဲ့ ၂ ယောက်ကို လုံခြုံရေးအဖွဲ့တွေက ပိတ်ဆို့ပြီးရှာနေကြတယ် ထိခိုက်မှုမရှိခဲ့ပါဘူး လက်ပစ်ဗုံးကျပြီးပေါက်ကွဲတဲ့နေရာက အုတ်ခုံပျက်စီးတာလောက်ပဲရှိပါတယ် ပျက်စီးတာလည်းနည်းပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here