ကလီဖိုးနီးယားသေနတ်သမားဟုယူဆရသူ မိမိကိုယ်ကိုအဆုံးစီရင်၊အကြောင်းအရင်းမသိရသေးဟုဆို

0
127

ကလီဖိုးနီးယား၊ဇန်နဝါရီ ၂၃

ကလီဖိုးနီးယား၌ လူဆယ်ဦးအားသေဆုံးစေခဲ့သည့် ပစ်ခတ်မှု၏တရားခံအား ၎င်းထွက်ပြေးရာ၌ အသုံးပြုခဲ့သည့် ဗင်ကားအတွင်း၌ပင် သေဆုံးလျက်တွေ့ရှိရသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုကျူးလွန်သူသည် အသက် ၇၂ နှစ်အရွယ်ရှိ ဟူကန်ထရန်အမည်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ဘာကြောင့်ကျူးလွန်သည်ကိုမသိရသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ပစ်ခတ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည်ဟုယူဆရသော ပစ္စတိုတစ်လက်ကိုလည်း အဆိုပါဗင်ကားထဲ၌တွေ့ရသည်ဟုဆိုခဲ့သည်။

မစ္စတာ ဟူကန်ထရန်သည် ပစ်ခတ်မှုဖြစ်ပွားရာ မွန်ထရီပန်းခြံနှင့် မိုင် ၂၀ အကွာ၌ရှိနေသည့် ဗင်ကားအနီးသို့ ရဲများချဉ်းကပ်လာစဉ် မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

ပစ်ခတ်မှုအတွင်း အမျိုးသားငါးဦးနှင့်အမျိုးသမီးငါးဦးသေဆုံးပြီး မည်သူမည်ဝါဖြစ်သည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။အခြားဆယ်ဦး ဒဏ်ရာရရှိကာ ခုနစ်ဦးမှာဆေးရုံတင်ထားဆဲဖြစ်ပြီး ၎င်းတို့အနက်တစ်ဦးမှာစိုးရိမ်ရသည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here