ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံးခဲ့မှု တာချီလိတ်မြို့တွင် ဖြစ်ပွား

0
214

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဇန်နဝါရီ (၂၂) ရက်ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၆) နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဗိုလ်ချူပ်လမ်းမ၊ ဝမ်ကောင်း – တရားရုံးလမ်းဆုံတွင် ကားတစ်စီးနှင့် ဆိုင်ကယ်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းလာသည့် ကိုစည်သူလင်းထွန်း (၂၃) နှစ်မှာ ဗိုက်ပေါက်၊ ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ရတဲ့ဒဏ်ရာကပြင်းတော့ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတာပါ ယာဥ်ထိန်းတပ်ဖွဲ့ကလိုအပ်တာတွေစစ်ဆေးနေပါတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြော သည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလ်တ်)လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here