ကမ္ဘောဒီးယားနှင့်တရုတ်ပြည်သူများသည် အမြဲတမ်းအေးအတူပူအမျှရှိနေမည်ဟု ဝန်ကြီးချုပ်ဟွန်ဆန်ပြောကြား

0
185

ဖနွမ်းပင်၊ဇန်နဝါရီ ၂၃

ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က ကမ္ဘောဒီးယားနှင့်တရုတ်ပြည်သူများသည် အမြဲတမ်းကောင်းတူဆိုးဖက်၊အေးအတူပူအမျှရှိနေမည်ဖြစ်ကြောင်း တရုတ်နှစ်ကူးဆုမွန်ကောင်းတောင်းရာ၌ ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူးပွဲတော်၌ ဝန်ကြီးချုပ်က တရုတ်နိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံဖွား တရုတ်အနွယ်ဝင်များကိုလည်း နှစ်ကူးကာလ၌ ကျန်းမာ၊ချမ်းသာ၊ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သေးသည်။

မစ္စတာဟွန်ဆန်ကမူ ၎င်း၏ဇနီးကိုယ်တိုင်လည်း တရုတ်သွေးပါသူဖြစ်သဖြင့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲကို ၎င်းတို့မိသားစုလည်းကျင်းပသည်ဟုပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Pannasastra တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Sambo Manara ကလည်း တရုတ်နှစ်သစ်ကူးပွဲတော်သည် အရှေ့တောင်အာရှနိုင်ငံများအတွင်း နှစ်စဉ်နှင့်အမျှရေပန်းစားလာပြီး ၎င်းတို့နှစ်နိုင်ငံအကြား နိုင်ငံရေး၊စီးပွားရေးနှင့်ယဉ်ကျေးမှုတို့ နီးကပ်စွာဆက်ဆံနိုင်လာကြောင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားလူမျိုးအများစုသည် တရုတ်မျိုးနွယ်သွေးပါရှိကြပြီး မြို့ပြရှိလူဦးရေ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်နေလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် တရုတ်နှစ်သစ်ကူးပွဲတော်အားကျင်းပလေ့ရှိကြောင်းခန့်မှန်းထားသည်ဟု ၎င်းကပြောကြားခဲ့သည်။

Source :Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here