ထိုင်းနိုင်ငံသို့ ပို့ကုန်အမယ်သစ်အဖြစ် ရှမ်းနှမ်းစေ့များအား ဒီဇင်ဘာလမှစတင်၍ တင်ပို့လျက်ရှိ

0
426

ရှမ်းပြည်နယ်ဒေသထွက်ကုန်ဖြစ်သည့် ရှမ်းနှမ်းစေ့များအား ပို့ကုန်အမယ်သစ်အဖြစ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှသိရသည်။

ထိုသို့ တင်ပို့ရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ မြန်မာနိုင်ငံမှကုမ္ပဏီ ၂ ခုက အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၅၃ သန်းတန်ဖိုးရှိ ရှမ်းနှမ်းစေ့ ၇၆ တန်အား မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့ရောင်းချခဲ့ကြကြောင်း သိရသည်။

“ရှမ်းနှမ်းစေ့ကို ဒေသထွက်ကုန်ဖြစ်တဲ့ ခေါပုတ်လုပ်တဲ့နေရာမှာသုံးတယ် နောက်ပြီး နှမ်းအစားထိုးအနေနဲ့လည်းသုံးကြတယ် ပို့ကုန်အသစ်အနေနဲ့ စမ်းသပ်တင်ပို့ကြည့်တဲ့အချိန်လို့ပြောရမှာပေါ့ အရောင်းအဝယ်အနေနဲ့ဆိုရင်တော့ ကောင်းတယ်ဗျ လတ်တလောကတော့ ကုမ္ပဏီ ၂ ခုကပဲပို့နေတယ် နောက်ပိုင်းကျွန်တော်တို့လည်း တင်ပို့ဖို့စီစဥ်သွားမှာပါ”ဟု ကုန်သည်တစ်ဦးကပြောသည်။

ရှမ်းနှမ်းပင်များအား ရှမ်းပြည်နယ်ရှိ အောင်ပန်းမြို့နယ်နှင့်ကလောမြို့နယ်တို့၌ စက်တင်ဘာလမှစတင်ကာ စိုက်ပျိုးလေ့ရှိပြီး ၂ လခန့်အကြာတွင် အစေ့ထုတ်ယူရောင်းချကာ တစ်ပိဿာလျင် ၂၅၀၀ ကျပ်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံစျေးကွက်အတွင်း၌ ရှမ်းနှမ်းစေ့တစ်ပိဿာလျှင် ၃၇ ဘတ် (မြန်မာငွေ ၂၉၆၀ ကျပ်)ရှိ၍ တစ်ပိဿာလျှင် ၁၇၇ ကျပ်ရရှိသဖြင့် ရှမ်းနှမ်းစေ့များ ၁၆ တန်တင်ဆောင်ထားသည့် ၁၂ ဘီးကားတစ်စီးစာတင်ပို့ရောင်းချနိုင်ပါက အမတ်ငွေကျပ် ၁၇ သိန်းကျော်အမြတ်ငွေရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here