စူပါမန်းဇာတ်ရုပ်အပေါ် ကောင်းပြည့် ရဲ့ ရှင်းလင်းချက်

0
121

kgpyae

ကောင်းပြည့် ပါဝင်သရုပ်ဆောင်ထားတဲ့ “နှစ်ယောက်တစ်ဘဝ” ရုပ်ရှင်ဇာတ်ကားကြီးလည်း မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာတော့ အမှတ်တရများစွာရှိကြောင်းကို ကောင်းပြည့်က…

” ကျွန်တော် ရေလောင်းခံရတဲ့အခန်းလေး ရိုက်ကူးတုန်းကဆိုရင် ပြင်ဦးလွင်မှာ တအားအေးတဲ့ အချိန်မှာ ရိုက်ကူးခဲ့ရတယ်။ ပြီးတော့ နွားချေးဆိုလည်း တကယ့်နွားချေးအစစ်ပါ။ အတုမဟုတ်ပါဘူး။ ကျွန်တော့်မျက်နှာမှာ သုတ်တာကလည်း နွားချေးအစစ်ပါ။ ကျွန်တော်တို့ အခုလိုကြိုးစားပြီး ရိုက်ကူးရတဲ့အပေါ်မှာ ရလဒ်ကောင်းလေးရမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ မကြာခင်က ဒါရိုက်တာ ပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးတဲ့ ” ကမ္ဘာကျော်ရုပ်ရှင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကောင်းပြည့်က စူပါမန်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေလည်း ကြားရမှာဖြစ်တဲ့အတွက် အခုကတည်းက ကြိုပြီးရှင်းပြထားရခြင်းဖြစ်ကြောင်းကို…

” ဇာတ်ကား ထွက်လာရင်လည်း ဝေဖန်သံတွေ ကြားရမှာပဲလေ။ အဲဒီ ဝေဖန်သံတွေနည်းနည်း သက်သာအောင် ကျွန်တော်က တစ်ခါတလေ ကျရင်ကြိုပြီးရှင်းပြထားတာ။ ဒီဇာတ်ကားမှာ စူပါမန်းရဲ့လိုဂိုက S မဖြစ်ဘဲ P ဖြစ်ရတယ်ဆိုတာကကျွန်တော် တို့အတွက် ထုတ်လုပ်ရေးမှာစူပါမန်း ရဲ့ လိုဂိုတံ ဆိပ်ကို အသုံးပြုထားတဲ့ နေရာတွေများတော့ ပြဿနာ လေးတွေ ဖြစ်လာမှာစိုးလို့ လိုဂို တံဆိပ်ကို ပြောင်းလုပ်လိုက်တာပါ။ အဲဒါကို တမင်အတင်း ပြောင်း ပြီးလုပ်ထားတာ မဟုတ်ဘူးဆိုတာ ပရိသတ်တွေအနေနဲ့ နားလည်လိမ့်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here