ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသအတွက်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုကရင်ပြည်နယ်က ဖိတ်ခေါ်

0
156

ကရင်ပြည်နယ်အတွင်း စားရေးရိက္ခာဖူလုံပိုလျှံ၍ သာယာဝပြောစေရန် ဆောင်ရွက်ရာ၌ ဦးစားပေးလုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ဇန္နဝါရီ ၂၃ ရက်မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပခဲ့​သော ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်​ပြောကြားခဲ့သည်။

ထို့အတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ဆန်စက်၊ဆီစက်နှင့်တိရိစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းများ၊ကုန်ထုတ်လုပ်မှုကဏ္ဍတိုးမြှင့်ရေးလုပ်ငန်းများ၊သဘာဝ အရင်းအမြစ်များကို အခြေခံသည့် ခရီးသွားလုပ်ငန်းနှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းများကိုလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဦးစားပေးဖိတ်ခေါ်လျက်ရှိသည်ဟု ပြောသည်။

“ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ဒေသအတွက်အကျိုးရှိမယ့် လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဖိတ်ခေါ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကပြောသည်။

အစည်းအဝေးတွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃၇ ခုရရှိမည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် Alliance Eagle Group Ltd မှ ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၆)ရပ်ကွက်တွင် ငွေကျပ် ၃၅၅၈ ဒဿမ ၈၇ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ဆန်ပြောင်းသန့်စင်ကြိတ်ခွဲခြင်းနှင့် ဆန်မှုန့်၊ပြောင်းမှုန့်ထုတ်လုပ်ခြင်းလုပ်ငန်းအား ခွင့်ပြုပေးခဲ့သည်။

အစည်းအဝေးအား ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီအကာအကွယ်ပေးနိုင်ရန်နှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှတစ်ဆင့် ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here