ရန်ကုန်-ပုဂံ အမြန်ရထား ​ပြေးဆွဲမူအ​ခြေအ​နေ

0
497

ရန်ကုန်-ပုဂံ အမြန်ရထားအား ဇန်နဝါရီ ၂၃ ရက် (ယနေ့)ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ အမှတ် ၆၁ အဆန်ရထားဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ထိုသို့ ပြေးဆွဲရာ၌ နေ့စဥ်ပြေးဆွဲသွားရန် စီစဥ်ထားသော်လည်း ရထားစီးခရီးသည်အနည်း/အများပေါ်မူတည်၍ နေ့စဥ်ပြေးဆွဲမှုရှိ/မရှိအား ရန်ကုန်ဘူတာကြီး၏ ဖုန်း ၀၁-၂၅၁၁၈၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရန်ကုန်-ပုဂံ အမြန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်စတင်ထွက်ခွာ၍ ပုဂံဘူတာသို့ နောက်နေ့မွန်းတည့် ၁၂ နာရီ၌ ဆိုက်ရောက်မည်ဖြစ်ကာ ပုဂံဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့မွန်းတည့် ၁၂ နာရီ၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ္တလင်း၊ပေါင်းတည်၊ပုတီးကုန်း၊သဲကုန်း၊ဆင်မြီးဆွဲ၊ပြည်(ရွှေတံခါး)၊အောင် လံ၊ဆတ်သွား၊တောင်းတွင်းကြီး၊မြို့သစ်၊နတ်မောက်၊လေးအိမ်၊သာမြား၊ပင်းချောင်း၊ကျောက်ပန်းတောင်း၊ငါ့မင်းမေးစုတည်ဘူတာများတွင်ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၂၀၀ ကျပ်၊အ ထက်တန်း ၁၄၄၀၀ ကျပ်၊အိပ်စင် ၁၉၈၀၀ ကျပ် အသီးသီးသတ်မှတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here