ယနေ့နံနက်ပိုင်းက နေပြည်တော်နှင့်မန္တလေးမြို့တို့တွင် မီးလောင်မှုများဖြစ်ပွားခဲ့

0
193

နေပြည်တော်၊လယ်ဝေးမြို့နယ်နှင့်မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်တို့တွင် ဇန်နဝါရီ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီ ၁၆ မိနစ်ခန့်က နေပြည်တော်၊လယ်ဝေးမြို့နယ်၊ကန်လှကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ လယ်ဝေးမြို့နယ်မီးသတ်စခန်း၊ပလွေးအမြန်လမ်းမီးသတ်စခန်း၊ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်း မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်အား မဟာအောင်မြေမြို့နယ်မီးသတ်စခန်း၊ရဲမွန်တောင်အရန်မီးသတ်စခန်း၊ကံကောက်အရန်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၃၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here