ပြည်သူများ ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်း မရှိဘဲ လွတ်လပ်စွာ မဲပေးခွင့် ရရှိရေး ဆောင်ရွက်မည်ဟုနစက ဥက္ကဋ္ဌပြော

0
304

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့် အတွက် မည်သို့သောအခြေအနေရှိသည်ဖြစ်စေ လွတ်လ ပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကာ ပြည်သူများ ခြိမ်းခြောက်အကျပ် ကိုင်ခံရမှု မရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးလုပ်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှို င်က ပြောသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂ ၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်စဉ် ၎င်းက ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

” ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မူအားဖြင့် သဘော တူညီမှု ရရှိပြီးဖြစ်၍ နိုင်ငံအဝန်းအကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ် မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ‌ဦးဆောင်သည့် နစက အနေဖြင့် လာမည့် ဖေဖေါ်ဝါရီ (၁) ရက်တွင် အာဏာထိမ်းကာ တာဝန်ယူထားမူ သက်တမ်း (၂) နှစ်ပြည့် မြောက်မည်ဖြစ်ပြီး နိုင်ငံ​တော်သမ္မတထံသို့ အာဏာပြန်အပ်ပြီးပါက ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအနေဖြင့် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းကာ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးရမည် ဖြစ်သည်။

နစက ဥက္ကဋ္ဌအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ပြောကြားထားပြီး လက်ရှိတွင် မဲဆန္ဒရှင် စာရင်းကောက်ယူမှုများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here