ဥက္ကံမြို့တွင် အဝေးပြေးခရီးသည်တင်ကား၊အုတ်သဲကျောက်တင်ကားနှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသေဆုံး

0
354

ရန်ကုန်တိုင်း၊ဥက္ကံမြို့ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ဇန်နဝါရီ ၂၃ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မေတ္တာရေစင်လူနာတင်ယာဥ်အသင်းမှ သိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခန့်က ဥက္ကံမြို့ရှိ ရန်ကုန်- ပြည်သွားကားလမ်း၏ ဥက္ကံမြို့တောင်ဘက်အထွက်၌ အဝေးပြေးခရီးသည်တင်(Express)ကား၊အုတ်သဲကျောက်တင်ကားနှင့်ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်းသတင်းအရ မေတ္တာရေစင်လူနာတင်ယာဥ်အသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ရာ ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသည် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်က အမျိုးသားပေါင်ကျိုးသွားတယ် Express ကားကစပယ်ယာလည်း ပွန်းပဲ့ဒဏ်ရာတွေရသွားတယ် သူ့ကိုတော့မြေပြင်ဆေး ကုသပေးတာလောက်ပဲလုပ်ပေးခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပေါင်ကျိုးဒဏ်ရာရရှိခဲ့သည့်အမျိုးသားအား မေတ္တာရေစင်လူနာတင်ယာဥ်အသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here