လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ယာဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွား

0
366

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၄ ရပ်ကွက်ရှိ FMI အိမ်ယာဝင်းအတွင်း၌ ဇန်နဝါရီ ၂၄ ရက် (ယနေ့)နေ့လည်ပိုင်းက မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၆ မိနစ်ခန့်က လှိုင်သာယာမြို့နယ်၊ ၄ ရပ်ကွက်၊ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ FMI အိမ်ယာဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှမီးသတ်ကား ၅ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နေ့လည် ၁ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ကရုဏာကမ်းလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here