ဒဂုံမြောက်ပိုင်းမြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ်စဥ်တွင် ၄ ဦးသေဆုံးခဲ့

0
257

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇန်နဝါရီ ၂၄ ရက်ညပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၂ နာရီ ၂၂ မိနစ်ခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊စိန်ပန်းမြိုင် (၁)လမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုအားငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် ည ၂ နာရီခွဲတွင် Level 1 အဆင့်မီးသတ်ကားများဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်မှာ အဲဒီအိမ်မှာနေတဲ့ ၄ ယောက်မီးလောင်သေဆုံးခဲ့ပါတယ် ဘေးပတ်ဝန်းကျင်ကိုမီးကူးစက်တာမရှိပါဘူး ဘာ့ကြောင့်လောင်တယ်ဆိုတာကို ကျွန်တော်တို့လည်းမသိဘူးဗျ”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here