ကားတိုက်ပြီးမီး‌လောင်ကာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု သိန္နီမြို့နယ်တွင်ဖြစ်ပွား

0
263

ရှမ်းပြည်နယ်၊သိန္နီမြို့နယ်ရှိ သိန္နီနီ-ကွမ်းလုံသွားပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၄ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၈ နာရီ ၂၀ မိနစ်ခန့်က သိန္နီမြို့နယ်၊နမ့်စလပ်ကျေးရွာအုပ်စုရှိ 

သိန္နီ-ကွမ်းလုံသွားပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆/၇ အနီးတွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးလိုက်ပါလာသည့် ကားမှာယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သိန္နီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ ည ၉ နာရီ ၁၀ မိနစ်၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

ကားတိုက်ပြီးမီးလောင်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ အခင်း ဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူ ၂ ဦးတို့အား သိန္နီမြို့ပြည်သူ့ဆေး ရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here