ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တု AI ရှေ့နေ ဖေဖေါ်ဝါရီတွင် ပထမဆုံးအကြိမ်အဖြစ် တရားခွင်တွင် ရှေ့နေလိုက်မည်

0
765

ဉာဏ်ရည်တုနည်းပညာ(AI)ဖြင့် ပံ့ပိုးထားသည့် ကမ္ဘာ့ပထမဆုံး AI ရှေ့နေသည် လာမည့်ဖေဖေါ်ဝါရီလတွင် တရားရုံးတွင် စွပ်စွဲခံရသူတစ်ဦးဖက်မှ ခုခံကာကွယ်ကူညီကာ ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်း AI ရှေ့နေသည် စမတ်ဖုန်းမှတစ်ဆင့် တရားခွင်တွင် ပြောဆိုတင်ပြမှုများကို နားထောင်ကာ မည်သို့မည်ပုံ ပြန်လည်တုန့်ပြန်ပြောဆိုရမည်ကို စွပ်စွဲခံရသူတပ်ဆင်ထားမည့် နားကြပ်မှနေ၍ အချိန်နှင့် တပြေးညီ ညွှန်ကြားပြောဆိုနေဖြစ်ကြောင်း AI ရှေ့နေကို ဖန်တီးသည့် DoNotPlay ကုမ္ပဏီ၏ CEO ဂျိုရှုအာဘရောင်ဒါ (Joshua Browder)က ပြောသည်။

AI ရှေ့နေသည် သူ၏ အမှုကို အမေရိကန်ပြည်ထောင်စု တရားရုံးတစ်ခုတွင် လာမည့် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့၌ စတင်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း ဂျိုရှုအာဘရောင်ဒါ က သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။

“ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ တစ်နာရီခွဲတွင် သမိုင်းကို မှတ်တမ်းတင်ပါမည်။ အမေရိကန်တရားခွင်တစ်ခုတွင် စက်ရုပ်တစ်ရုပ်က လူတစ်ဦးကို ပထမဆုံး အကြိမ်အနေဖြင့် ကိုယ်စားပြုသွားမည်ဖြစ်သည်။ DoNotPay မှဖန်တီးထားသော AI က တရားရုံးတွင် မည်သို့မည်ပုံ လျှောက်လဲတင်ပြရမည်ကို တစ်စုံတစ်ဦး၏နားထဲသို့ တိကျစွာဖြင့် တီးတိုးပြောပါမည်။ တရားခွင်အပြီးတွင် တရားခွင်မှ ရလဒ်များကို ကျွန်ုပ်တို့ ထပ်မံမျှဝေထုတ်ပြန်သွားပါမည်။ ကျွန်ုပ်တို့ကံကောင်းပါစေ”ဟု ဂျိုရှုအာဘရောင်ဒါ က ရေးသားထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here