ကမ္ဘောဒီးယားနှင့်ထိုင်းတပ်မတော်များ ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

0
271

ဖနွမ်းပင်၊ဇန်နဝါရီ ၂၄

ကမ္ဘောဒီးယားနှင့်ထိုင်းတပ်မတော်များသည် နယ်စပ်ရာဇဝတ်မှုများလျှော့ချရေးအတွက် ပိုမိုပူးပေါင်းရန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ယခုတွေ့ဆုံမှုအား ဇန်နဝါရီလ ၂၄ ရက်နေ့မနက်ကပြုလုပ်ခဲ့ကြပြီး ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား ဗိုလ်ချုပ်ကြီး Seng Thearin ကဦးဆောင်ခဲ့ပြီး ထိုင်းကိုယ်စားလှယ်အဖွဲ့အား ဒုဗိုလ်ချုပ်ကြီး Platthuk ကဦးဆောင်ခဲ့သည်။

တွေ့ဆုံပွဲအား ကမ္ဘောဒီးယား-ထိုင်း ချစ်ကြည်ရေးတံတား၊Poipet-Khlong Leuk အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၌ကျင်းပခဲ့သည်။

တွေ့ဆုံမှု၌ နယ်စပ်ဒေသပြဿနာများကို ပိုမိုဖြေရှင်းရေး၊ နှစ်နိုင်ငံတွေ့ဆုံမှုယန္တရားအား ဆက်လက်အကောင်အထည်ဖော်ရေး၊နှစ်နိုင်ငံပြည်သူများအကြား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရေးနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့အား ထည့်သွင်း‌ဆွေးနွေးခဲ့သည်။

ယင်းအပြင်နယ်စပ်ဖြတ်ကျော် ခိုးယူမှု၊ သစ်တောပြုန်းတီးမှု၊အခြားသော ရာဇ၀တ်မှုများနှင့် အကြမ်းဖက်မှုတားဆီးရေးတို့၌ ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်းဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here