အိန္ဒိယတွင် အဆောက်အအုံပြိုကျ, လူ ၃ ဦးထက်မနည်း သေဆုံးပြီး လူဒါဇင်နှင့်ချီ ပိတ်မိနေ

0
215

အိန္ဒိယနိုင်ငံတွင် လေးထပ်အဆောက်အအုံတစ်လုံးပြိုကျမှုကြောင့် လူ ၃ ဦး ထက်မနည်း သေဆုံးကာ လူဒါဇင်နှင့်ချီ၍ ပိတ်မိနေကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၂၄ ရက် အင်္ဂါနေ့ သန်းခေါင်ယံ ရောက်ခါနီးတွင် ပြောကြားခဲ့သည်။

အူတာ ပရာဒက်ချ် ပြည်နယ် မြောက်ပိုင်း လက်ခ်နော် မြို့တွင် ဖြစ်ပွားခဲ့သော အဆောက်အအုံပြိုကျမှုတွင် လူသုံးဦး သေဆုံးခဲ့သည်ဟု ပြည်နယ် ဒုတိယဝန်ကြီးချုပ် ဘရာဂျက် ပါးထက် ကဆိုသည်။

ထိုသို့ အဆောက်အအုံပြိုကျရခြင်းမှာ မနေ့နေလယ်ပိုင်းက ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ဖြစ်ပုံရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒီဗင်ဒရာ ဆင်း ချောင်းဟန်က ပြောကြားခဲ့သည်။

“အဆောက်အအုံအတွင်း လူအယောက် ၃၀ မှ ၃၅ ကြား ပိတ်မိနေပါတယ်” ဟု ချောင်းဟန်က သတင်းထောက်များအား ပြောခဲ့သည်။

ယခုလက်ရှိတွင် ပိတ်မိနေသူများထဲမှ ၁၂ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်ဟုလည်း သူက ပြောခဲ့သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here