အင်္ဂါဂြိုဟ်သို့ စံချိန်တင် အမြန်နှုန်းဖြင့် ခရီးနှင်နိုင်မည့် နျူကလီးယား ဒုံးပျံများအား နာဆာ စမ်းသပ်သွားမည်

0
294

အမေရိကန် အာကာသအေဂျင်စီဖြစ်သည့် နာဆာသည် အာကာသယာဉ်မှူးများကို အင်္ဂါဂြိုဟ်သို့ အလွန်လျင်မြန်စွာ ပို့ဆောင်ပေးနိုင်မည့် နျူကလီးယားစွမ်းအင်သုံး ဒုံးပျံများအား စမ်းသပ်သွားမည့် အစီအစဉ်ကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။

နာဆာသည် အဆိုပါ နျူကလီးယား အပူပေးဒုံးပျံအင်ဂျင်ကို အမေရိကန်အစိုးရ၏ ကာကွယ်ရေးအဆင့်မြင့် သုတေသန ပရောဂျက်များ အေဂျင်စီ (ဒါပါ) နှင့် ပူးပေါင်းကာ ၂၀၂၇ ခုနှစ်ရောက်သည်နှင့် တစ်ပြိုင်နက် အာကာသအတွင်း စမ်းသပ်ပြသသွားမည်ဟု ဇန်နဝါရီလ ၂၄ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

“နျူကလီးယား အပူပေးဒုံးပျံကို အသုံးပြုခြင်းဟာ အာကာသယာဉ်မှူးတွေအတွက် အန္တရာယ်ကို လျှော့ချပေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေရာဆီကိုလည်း အရင်ဒုံးပျံတွေထက် ပိုပြီး လျင်မြန်စွာ ရောက်ရှိစေမှာဖြစ်ပါတယ်” ဟု နာဆာက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အပြင်ဘက် ခရီးသွားရာ၌ ခရီးသွားချိန်ကြာလေလေ ထောက်ပံ့ရေးပစ္စည်းများနှင့် အားကောင်းသော စနစ်များ ပို၍ လိုအပ်လေလေဖြစ်သောကြောင့် ကြာချိန် လျော့ချပေးနိုင်ခြင်းသည် အင်္ဂါဂြိုဟ်သို့ လူသားများ ခရီးသွားရန်အတွက် အဓိကျသော သော့ချက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ထို့ပြင် နျူကလီးယား စွမ်းအင်သုံး ဒုံးပျံ၏ နောက်ထပ် အားသာချက်မှာ သိပ္ပံဆိုင်ရာ ပစ္စည်းကိရိယာများကို ပိုမိုသယ်ဆောင်လာနိုင်မည့်အပြင် ဆယ်သွယ်ရေးအတွက် လိုအပ်သည့် စွမ်းအင်ကိုလည်း အရင်ကထက် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း နာဆာက ဖော်ပြထားသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here