၄၂ လက်မအမြင့်ရှိ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ပုံတူကြေးရုပ်ထုတော်အား နေပြည်တော်ရှိ လက်လုပ်တောင်သာသနာ့ကုန်းမြေ၌ ပူဇော်ထားရှိ

0
287

နေပြည်တော်၊ ရာဇဌာနီလမ်းရှိ လက်လုပ်တောင်သာသနာပြုကုန်းမြေ၏ ဓမ္မမဏ္ဍိုင်စံကျောင်းတော်၌ ကြေးအစစ်ဖြင့်သွန်းလောင်းထားသည့် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ပုံတူကြေးရုပ်ထုတော်အား ပူဇော်ထားရှိသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ပုံတူကြေးရုပ်ထုတော်သည် အမြင့် ၄၂ လက်မရှိကာ ကြေးအစစ်ပိဿာချိန် ၈၀ ဖြင့် မန္တလေးမြို့တွင်သွန်းလောင်း၍ ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်၊ လက်လုပ်တောင်သာသနာ့ကုန်းမြေသို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။

“မဟာဗောဓိမြိုင်ဆရာတော်ကြီး (၃)ဝါတိုင် သီတင်းသုံးခဲ့တဲ့ လက်လုပ်တောင်သာသနာ့ကုန်းမြေမှာ ဆရာတော်ဘုရားကိုကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေ ဆရာတော်ဘုရားကိုရည်မှန်းဖူးမြှော်နိုင်စေဖို့နဲ့ဆရာတော်ကြီးရဲ့ သက်တော်(၈၀)နှစ်ပြည့် မွေးနေ့အတွက် ရည်မှန်းပူဇော်တဲ့အနေနဲ့ လက်လုပ်တောင်ဗောဓိရိပ်ငြိမ်တောရဆရာတော်နဲ့ဒကာ၊ ဒကာမတွေ စုပေါင်းလှူဒါန်းပူဇော်ခဲ့တာပါ”ဟု ဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးဖြစ်သည့် ကိုအောင်ဘိုဘိုကပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ပုံတူကြေးရုပ်ထုတော်အား ဇန်နဝါရီ ၂၄ ရက်မှစတင်၍ နေပြည်တော်ရှိ လက်လုပ်တောင်သာသနာ့ကုန်းမြေ၌ အပူဇော်ခံထားရှိကြောင်း သိရသည်။

“ကျွန်တော်တို့လက်လုပ်တောင်သာသနာ့ကုန်းမြေမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ သြဝါဒနဲ့အညီ လက်လုပ်တောင်ဗောဓိရိပ်ငြိမ်တောရဆရာတော်ဦးစီးပြီး နှစ်စဥ် ဝါဆိုလဆန်းမှာတစ်ကြိမ်၊ တပို့တွဲလဆန်းမှာတစ်ကြိမ် တစ်နှစ်ကို ၂ ကြိမ် ၁၅ ရက်တရားစခန်းဖွင့်လှစ်ပေးပါတယ်”ဟု ကိုအောင်ဘိုဘိုကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here