အိန္ဒိယနိုင်ငံ၏ ရတနာဈေးကွက်သို့ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် တောင်ပင်လယ် ပုလဲ မိတ်ဆက်ပြသ

0
281

အိန္ဒိယနိုင်ငံ၏ ရတနာဈေးကွက်သို့ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် တောင်ပင်လယ် ပုလဲ (South Sea Pearl) များကို မိတ်ဆက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးတွင် “မြန်မာ့ပုလဲမိတ်ဆက်ပြသပွဲ” အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ဇန်နဝါရီလ ၂၄ ရက်က “မြန်မာ့ ပုလဲမိတ်ဆက်ပြသပွဲ” အား ကျင်းပခဲ့ခြင်းဖြစ်ပြီး နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အိန္ဒိယ ကျောက်မျက်ရတနာ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ India Chamber of Commerce ၊ India Economic Trade Council (IETO)၊ India ASEAN Trade Council အစရှိသည့် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စီးပွားရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများမှ စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၏ ရတနာဈေးကွက်သို့ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် တောင်ပင်လယ် ပုလဲ (South Sea Pearl) များကို မိတ်ဆက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ မြန်မာ့ပုလဲနှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ခဲ့သည်။

အဆိုပါပြပွဲအတွင်း မြန်မာ့ တောင်ပင်လယ်ပုလဲ မိတ်ဆက် ဗွီဒီယိုကို ပြသခဲ့ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့က ပြပွဲတက်ရောက်သူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here